~အသက်နှင့်ရင်း၍~
အပိုင်း(၁၅)
"တန်းစီပေးကြပါဗျ.....အရမ်းကြီးမတိုးနဲ့ထိခိုက်ကုန်မယ်"
မင်းသုတတစ်ယောက်ရွာသားတွေကိုအသည်းအသန်အော်နေရသည်
ငွေ့ရည်ကတော့ကိုကိုဘေးနားကနေဆေးယူပေးဘာယူပေးလုပ်ကာနေနေသည် ဟိုဒေါက်တာမ၃ယောက်နဲ့nurseမလေးကသူ့ကိုမျက်စောင်းထိုးထိုးပြီးစကားတီးတိုးပြောနေကြတာမို့ငွေ့ရည်အမြင်ကပ်လှသည်
ရှေးလည်းသူ့ရှေ့ထိုင်နေတဲ့အသက်ကြီးနေပြီဖြစ်တဲ့အဘွားအိုလက်ကလေးကိုကိုင်ကာ
"ဘာတွေခံစားရလည်း သမီးကိုပြောနော်တစ်ခုမကျန်ပြောပြသမီးတို့ကုသပေးမယ်"
"ဖျား.....ဖျား...နေ...နေ...တာ...ကြာ...ကြာ...ပြီ"
ဗမာစကားကိုတစ်လုံးချင်းပြောနေတာမို့ရှေးမှာဂရုစိုက်ကာနားထောင်နေသည်
"အင်း....လက်ကလေးတွေပါပူနေတယ် အဘွားသားသမီးတွေရော"
သူမမေးတော့အဘွားအိုကခေါင်းခါပြလေသည် မရှိတော့ဘူးထင်ပါရဲ့သနားပါတယ်ဟူ၍ရှေးလည်းစိတ်ထဲပြောနေမိသည်
"လာ....အဘွား...သမီးတို့ဆေးသွားကုရအောင်နော်"
ထို့နောက်ရှေးလည်းအဘွားကိုတွဲကာဆေးကုတင်လေးဆီခေါ်လာခဲ့ကာ စမ်းသပ်ပေးပြီးနောက်အဖျားကျဆေးအရင်ထိုးပေးထားကာခဏအိပ်ထားခိုင်းသည်
စက် တစ်ယောက်ရှေ့ကလူနာတွေနဲ့အကုန်အဆင်ပြေပေမဲ့ခုသူ့ရှေ့ကကောင်လေးနဲ့လူသတ်ပွဲကျင်းပရတော့မည်
"မင်း...ခြေထောက်ကျောက်စူးတာကျောက်နှုတ်မှသက်သာမှာပေါ့ကွ"
"ကြောက်....ကြောက်တယ်"
"ဟ...ကြောက်ရင်မပျောက်တော့ဘူးကွမင်းနာမှာပေါ့"
"မ...နာ..အောင်လုပ်....လို့...မ..မရဘူးလား"
ကျစ် လခွမ်းထဲစကားကိုတစ်လုံးချင်းနားထောင်နေရတာ စက်စိတ်မရှည်တော့ပေ
"မနာအောင်ကုလို့ရတယ်တစ်ခါပဲနာမှာမင်းလုပ်မလား"
"တ..ကယ်ဆို....လုပ်...လုပ်မယ်"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...