~အသက်နှင့်ရင်း၍~
အပိုင်း(၄)
စက်တစ်ယောက်ဒီနေ့စောစောနိုးလို့ဝရံတာဘက်ခဏထွက်လာတုန်းခြံထဲဝင်လာတဲ့မာမီကားကြောင့်မျက်လုံးပြူးသွားရကာ ဟိုမိန်းမအခန်းထဲပြေးရတော့သည် ဂျက် မချထားလို့တော်သေးသည်စက်လည်းအသာလေးဘေးကနေဝင်လှဲ၍စောင်ခြုံထားလိုက်သည်
ဒေါ်သူဇာအိမ်ထဲဝင်လာတော့တိတ်ဆိတ်နေသည်
"မနိုးကြသေးဘူးထင်တယ်သွားနှိုးအုန်းမှပါတကယ်ထဲအိပ်နေလိုက်ကြတာ"
ပြောရင်းအပေါ်ထပ်တက်လာပြီးအနည်းငယ်ဟနေတဲ့တံခါးကိုဖွင့်ကြည့်လိုက်တော့ ဖက်အိပ်နေကြတဲ့ကြင်စဦးဇနီးမောင်နှံကိုတွေ့လိုက်ရသည်မို့ပြုံးမိသွားသည် မနှိုးတော့ပဲအောက်ထပ်ပြန်ဆင်းလာခဲ့တော့သည်
"အဟင်း....လင်မယားတွေများမပြောချင်ဘူး ဟင်းဟင်း"
စက်လည်း မိခင်ထွက်သွားတော့မှဖက်ထားတဲ့ကိုယ်လုံးအိအိလေးကိုငုံ့ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်လို့ သနပ်ခါးအကျံလေးတွေကွာကြကုန်တဲ့မျက်နှာလေးကဖွေးအုနေပါလား
ရှေးလည်း အိပ်ယာကနေနိုးလာတော့နှာခေါင်းထဲနှင်းဆီအနံ့ခပ်သင်းသင်းရောက်လာရသည်မို့နှာခေါင်းလေးနဲ့အနံ့လိုက်ခံရင်းတစ်နေရာအရောက်
"ဟင်....ဒါကဘာကြီးလဲ"
"အဲ့တာ...ကျုပ်ရင်ဘတ်ကြီးလေ"
"အမလေး...ဘုရားရေ ဘယ်လိုလုပ်ပြီး"
အသံလာရာကြည့်လိုက်တော့ မောင်ပင်ဘယ်လိုကနေသူမအခန်းထဲရောက်နေရတာလဲ
"ကျုပ်လာချင်လို့လာတယ်ထင်မနေနဲ့ခင်ဗျားရှိတဲ့နေရာဆိုခြေဦးတောင်မလှည့်ချင်ဘူးမာမီရောက်နေလို့ အခန်းခွဲအိပ်တာသိသွားမှာဆိုးလို့"
"မာမီရောက်နေတာလား"
"ဟုတ်တယ် အောက်ထပ် ဟာ...သွားပြီကလျာ"
စက် လည်းအိပ်ယာကနေထပြေးကာအောက်ထပ်ဆင်းလာတော့ဧည့်ခန်းထဲTVထိုင်ကြည့်နေတဲ့မာမီကိုမြင်လိုက်ရသည်မို့ထိုချိန်ကလျာကိုအောက်ထပ်မဆင်းလာဖို့ပြောရန်ထွက်လာတုန်း
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...