~အသက်နှင့်ရင်း၍~
အပိုင်း(၈)
"မင်းနဲ့ပြောဖို့ငါ့မှာအချိန်မရှိဘူး ငါ့အလုပ်ငါရှိသေးတယ်"
ပြောကာရှေးလည်းခြံထဲဆင်းရန်ပြင်နေတုန်း
"ဘုန်း.....အာ့..."
နောက်ပါးဆီကအတွန်းခံလိုက်ရတာမို့ရှေ့ကိုမှောက်ကာလဲကျသွားရသည်
ငွေ့ရည်လည်းလဲကျသွားတဲ့မိန်းမနားကိုသွားလိုက်ပြီး လက်ပိုက်ကာ သူမခြေထောက်နဲ့ထိုမိန်းမရဲ့လက်သွယ်သွယ်တွေကိုဖိနင်းပြစ်လိုက်သည်
"အ့....ဘာလုပ်တာလဲ ငွေ့ရည် အ့ ငါ့လက် လွှတ်စမ်း"
"မှတ်ထား ငါ့ကိုစကားကောင်းကောင်းမပြောရင်ဒီထက်ပိုနာမယ်မှတ်"
ရှေးလည်းလက်ကိုတက်နင်းခံထားရတာကြောင့်ဒေါသကထွက်လာရတာမို့ အားကုန်သုံးပြီးလွတ်အောင်ရုန်းထွက်လိုက်သည်
ငွေ့ရည်လည်းလွတ်သွားတဲ့သူမကိုကြည့်ရင်းမဲ့ပြုံးပြုံးကာ ဆံပင်ကနေဆောင့်ဆွဲလိုက်သည်
"အာ့....ဘာလုပ်တာလဲ ငါ့ဘာသာနေနေတာ ရန်လာမစစမ်းနဲ့"
"လာခဲ့လာ... ရော့ဟယ် "
ရှေးလည်းဆောင့်တွန်းခံလိုက်ရတာမို့ဖင်ထိုင်ရက်လေးကျသွားရသည့် ထို့နောက်သူမလက်ဆီကိုတစ်ခုခုစိုက်ဝင်လာသလိုခံစားရတာမို့ကြည့်လိုက်တော့ ပုလင်းကွဲစပင်
"ဟင်...ပုလင်းကွဲက အ့"
"နင် တမင်လုပ်တာမဟုတ်လားငွေ့ရည်"
"ဟုတ်တယ် အဲ့လိုဖြစ်စေချင်လို့ ပုလင်းကွဲကိုချထားတာဘာဖြစ်လဲ နေအုန်း လက်ဆောင်လေးကျန်သေးတယ် ခဏ ခဏ"
ပြောရင်းငွေ့ရည်လည်းအိမ်ထဲပြေးဝင်လာခါမီးဖိုးထဲပြေးဝင်သွားလိုက်သည် ရှေးလည်း သူမသွားတော့မှ လက်ထဲစိုက်ဝင်နေတဲ့ ပုလင်းကွဲစကိုဆွဲနှုတ်နေသည်
"အား....နစ်သွားတာလားပုလင်းကွဲက...ထပ်နှုတ်ကြည့်မယ်... အ့....အား"
သူမဆွဲနှုတ်ပေမဲ့မရပေ အသားထဲစိုက်နေတဲ့ပုလင်းကွဲစက နှုတ်လေ အသားတွေကိုစွနေသလိုပင်
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...