Part-30(End)

15.9K 156 15
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၃၀)ဇာတ်သိမ်းပိုင်း

မောင့်ကိုအခန်းတစ်ခုထဲခေါ်သွားတာကြောင့်ရှေးမှာအသက်မရှိတော့လူပမာ ခြေတစ်လှမ်းချင်းလှမ်းကာထိုအခန်းထဲဝင်လာခဲ့သည် ပိတ်ဖြူစအုပ်ထားတဲ့မောင့်အနားကိုသွားကာမောင့်ခန္ဓာကိုယ်အားဖတ်ထားရင်း

"မောင်....မောင်ရေ ရှေးကိုထားခဲ့တော့မှာလား မောင့်ကလေးလေးကိုရော ဟင်....မောင်ရေခုလိုကြီးမနေရဘူးလေ ထပါအုန်း"

"မောင်ရေ ရှေးခေါ်နေတာထူးပါအုန်း.....အဟင့်....အဟင့်.....မောင်လို့......ရှေးကိုစိတ်ဆိုး​နေတာလားဟင် "

"ရှေးတစ်ကယ်တော့မောင့်ကလေးလေးကိုလက်ဖျားနဲ့တောင်မထိပါဘူးမောင်ရယ် နော် အဲ့တာကြောင့်ကလေးလေးကိုတူတူပျိုးထောင်ရအောင်ထပါအုန်း.....မောင်....အဟင့်....ရှေးကိုထားခဲ့တာလား ပြောတော့ရှေးကိုချစ်တယ်ဆို"

ထိုချိန်ဒေါ်သူဇာတို့မိသားစုလည်းထိုအခန်းထဲရောက်လာကြသည် ဒေါ်သူဇာခမျာလည်းရင်ဘတ်ပေါ်လက်တင်ထားကာသားဖြစ်သူကိုကြည့်ကာတစ်အိအိနဲ့ငိုနေသည် ဦးမင်းထင်နဲ့သွေးရက်စက်မှာတော့အသံတိတ်ငိုနေကြသည်

"သားငယ်လေးရေ.....သားငယ်လေးရဲ့ကလေးလေးကရှိတယ်တဲ့ သားငယ်ကလေးလေးကိုမြင်ဖူးချင်တာဆို ထကြည့်ပါအုန်း သားရေ မာမီရင်တွေကွဲရပါပြီသားငယ်ရဲ့ အမလေး တော်....ကျွန်မသားလေးကိုလုပ်ကြပါအုန်း  သားရေ......မာမီဆီပြန်လာပါအုန်း...."

"မောင်.....ရှေးရယ်မောင်ရယ်မောင်နဲ့တူတဲ့သားလေးရယ် ခရီးတွေအများကြီးကိုတူတူသွားကြမယ်လေ ထပါအုန်းလို့ မောင်ရဲ့ ခုလိုကြီးမနေပါနဲ့လို့ အဟင့်.....မောင်....အီးဟီး.....အဟင့်....."

အခန်းတစ်ခုထဲအော်ဟစ်ငိုကြွေးသံတွေကပဲ့တင်ထွက်နေသည်အခန်းဝကသက်မှူးအိမ်နဲ့မင်းသုတတို့ကတော့ငြိမ်သက်စွာကြည့်နေကြသည်

ရှေးလည်းမောင့်ကိုဖတ်ကာငိုနေရင်းရုတ်တရက်မောင့်ဆီကလှုပ်ရှားလာသလိုခံစားရတာကြောင့်ကိုယ်လေးခွာပြီးအသာလေးရပ်ကြည့်နေသည်

စက် လည်း ဒဏ်ရာကြောင့်လှုပ်လှုပ်ရှားနဲ့နိုးလာကာမျက်လုံးဖွင့်ကြည့်လိုက်တော့ပိတ်ဖြူစကြီးကိုတွေ့လိုက်ရတာကြောင့်မျက်မှောင်ကြုံ့ကာထိုပိတ်ဖြူစကြီးကိုဖယ်လိုက်တော့ ငိုနေကြတဲ့မာမီတို့နဲ့သူ့ကိုကြောင့်ကြောင့်လေးရပ်ကြည့်နေတဲ့ရှေးကိုတွေ့လိုက်ရသည်

You've reached the end of published parts.

⏰ Last updated: Jul 24 ⏰

Add this story to your Library to get notified about new parts!

~အသက်နှင့်ရင်း၍~Where stories live. Discover now