~အသက်နှင့်ရင်း၍~
အပိုင်း(၃)
ရှေး ဒီနေ့တော့ဆေးရုံသွားရမှာမို့ရေမိုးချိုးကာဗီရိုထဲကမိုးပြာရောင်ပါတိတ်အဆင်လေးကိုထုတ်ဝတ်လိုက်သည်ကိုယ်လုံးလှသူမို့ဘာဝတ်ဝတ်လှသည်၂၉နှစ်လို့ပြောရင်ဘယ်သူ့မှယုံမည်မဟုတ်လောက်တဲ့အထိ ရှေးလည်းလက်ဆွဲအိတ်ကိုင်ကာအောက်ထပ်ဆင်းလာလေသည်
ကလျာလည်းလှေကားကနေဆင်းလာတဲ့ကိုကိုမိန်းမအားမြင်တာနဲ့ကိုကို့ပုခုံးပေါ်ခေါင်းလေးတင်လိုက်ပြီး
"ကိုကို....ကလျာလည်းအလုပ်ချင်တယ် ကိုကိုနဲ့ကိုကိုမိန်းမကအလုပ်သွားရင် ကလျာတစ်ယောက်ဘဲကျန်ခဲ့မှာ ပျင်းစရာကြီး"
"ကလျာကဘာအလုပ်လုပ်ချင်လို့လဲ"
ရှေးလည်းထမင်းစားခန်းထဲကအတွဲအားတစ်ချက်မဲ့ကြည့်လိုက်ပြီး မနက်စာစားဖို့ဝင်ထိုင်လိုက်ပြီးကော်ဖီငှဲ့ထည့်ပြီးဒင်းဝစ်တစ်ခုယူကာစားလိုက်သည်
စက်လည်းသူရှေ့ကမိန်းမကိုတစ်ချက်ကြည့်လိုက်တော့ မိုးပြာရောင်ပါတိတ်ဝမ်းဆက်နဲ့ပင်သူနဲ့ဆေးရုံတစ်ရုံထဲတူတူကျတယ်တဲ့လား ကံတွေများ
"ခင်ဗျားကပါတိတ်တွေချည်းဝတ်ပါလား"
"ပါတိတ်တွေဝတ်ပြီးချာတိတ်တွေချုပ်မလို့"
ရှေးလည်းခပ်ဆက်ဆက်လေးပြန်ဖြေလိုက်သည်
"ကိုကိုလို့....ကိုကို...."
"အင်း ပြောလေကလျာရဲ့ကိုကိုရှိနေတာကို"
"ကလျာလည်းကိုကိုနဲ့အတူအလုပ်လုပ်ချင်တယ်"
"အဲ့တာက.."
"ငါတို့လိုဆရာဝန်ဘွဲ့ရထားရင်လိုက်ခဲ့လေ"
ရှေးလေးပြောပြီးတာနဲ့ကော်ဖီတစ်ငုံလောက်သောက်ပြီးခုံပေါ်တင်ထားတဲ့အိတ်ကိုကောက်ယူပြီးကားဆီထွက်လာခဲ့သည်
ကလျာသူမကိုသက်သက်ကြီးဖဲ့သွားတဲ့မိန်းမကြောင့်စပ်စပ်ခါသွားရသည်
"ကိုကိုမိန်းမတွေ့လားကလျာကိုပြောသွားတာလူကအေးမလိုနဲ့စကားကြပြောလိုက်ရင်အထက်ကမဆင်းဘူး"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...