~အသက်နှင့်ရင်း၍~
အပိုင်း(၅)
ထမင်းစားသောက်ပြီးတာနဲ့ ရှေးနဲ့ကလျာလည်းခြံထဲဆင်းလာခဲ့လေသည်
"မင်းအစ်မကိုဘာပြောမလို့လည်းကလျာ"
"ကလျာ...ကလျာတောင်းပန်ချင်လို့ပါမရှေး"
"ဘာကိုတောင်းပန်မှာ"
"ကလျာ ဒီရက်တွေအတွင်းထဲမရှေးအပေါ်မောက်မာရိုင်းစိုင်းခဲ့တာတွေအတွက်တောင်းပန်ပါတယ် ကလျာမဖြစ်နေမို့သာလုပ်ရတာပါ"
"ဘာကိုမဖြစ်မနေ"
ရှေးလည်းကလျာကိုစိုက်ကြည့်ရင်းမေးလိုက်သည်
ကလျာလည်းမရှေးကိုအားနာစွာကြည့်လိုက်ပြီး
"တစ်ချိန်ကြမရှေးသိလာပါလိမ့်မယ် ကလျာ ကလျာတောင်းပန်ပါတယ်နော်"
ပြောရင်းသူမလည်းဒူးထောက်ချလိုက်လေသည်
"အဲ့လိုကြီးမလုပ်ပါနဲ့ထပါ အစ်မခွင့်လွှတ်ပါတယ်"
ရှေးလည်း ကလျာကိုဆွဲထူလိုက်ရင်း
"အစ်မမင်းကိုမမုန်းပါဘူးဟိုတစ်ခါကမင်းကအစ်မချက်တဲ့ဟင်းကိုသွန်လိုက်တော့နည်းနည်းစိတ်တိုမိသွားယုံပါ အစ်မဘယ်သူ့ကိုမှမမုန်းပါဘူး"
"မရှေးရယ်...အဟင့်.....အဟင့်.
ကလျာလည်းအားနာစိတ်တွေကငယ်ထိပ်တက်ဆောင့်ကုန်တာမို့ငိုမိတော့သည်
"ကလျာ..ကလျာမနက်ဖြန်ပြန်တော့မယ်မရှေး"
"ဟင်...ဘာဖြစ်လို့လဲ ကလျာပြောတော့၁/၂လနေမှာဆို"
"ကလျာ ဒယ်ဒီတို့ဆီလိုက်သွားမလို့ပါ ကလျာမသွားခင် မရှေးကိုပြောပြချင်တာတွေရှိတယ်"
ကလျာလည်းမရှေးလက်ကိုလှမ်းကိုင်လိုက်ရင်း
"ကိုကိုမှာနှစ်နဲ့ချီပြီးတွဲလာတဲ့ချစ်သူရှိတယ်မရှေး"
"အင်သ အစ်မသိတယ်လေအဲ့တာ"
ရှေးလည်းသိနေတာကြောင့်ပြောလိုက်ရင်းဆက်နားထောင်နေလိုက်သည်
"သူ့နာမည်က ငွေ့ရည်တဲ့ သူက ကိုကိုကိုယ်ချစ်တာထက်ကိုကိုပိုင်ဆိုင်မှုတွေကိုပိုချစ်တာမရှေး နောက်သူကကောင်းတဲ့မိန်းမမဟုတ်ဘူး ယောင်္ကျားတကာနဲ့ဖြစ်နေတဲ့မိန်းမ "
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...