~အသက်နှင့်ရင်း၍~
အပိုင်း(၁၇)
ဒီနေ့နဲ့ဆို ဒီတောင်ပေါ်ရွာကိုရောက်တာ၁ပတ်ကျော်ခဲ့ပြီဖြစ်သည် ကျန်းမာရေးတွေကထင်သလောက်မဆိုးကြတဲ့အတွက် ၁ပတ်အတွင်းထဲတော်တော်ပျောက်ကင်းကုန်ကြပြီ
"ဒီကဒေါက်တာတို့ကျုပ်ကိုခေါ်တယ်ဆို"
ဆိုတဲ့အသံနဲ့အတူသူကြီးဦးသိုက်မောင်းကအိမ်အောက်ထဲကိုဆင်းလာသည်
"ဟုတ်ပါတယ်...သူကြီးနဲ့ကျွန်မတို့တိုင်ပင်စရာလေးရှိလို့ပါ"
"ဘာများပါလိမ့်ဒေါက်တာတို့"
"ကျွန်မစဥ်းစားထားတာပေါ့နော် ဒီရွာမှာဆေးခန်းလေးဆောက်မလားလို့"
"ဆေးခန်းဆောက်တာကဆောက်လို့ရပါတယ်ကျွန်တော်တို့လိုဝေလံခေါင်ဖျားတဲ့တောင်ပေါ်ဒေသကိုဘယ်ဆရာဝန်ကဆင်းမှာတဲ့လည်းဒေါက်တာ"
"အဲ့အတွက်မပူပါနဲ့ ရှေးတို့ဆေးရုံကဒေါက်တာတွေနဲ့တိုင်ပင်ပြီးပါပြီ ရှေးတို့မပြန်ခင်ဒီမှာဆေးခန်းအပြီးဆောက်သွားကြတာပေါ့ ရန်ကုန်ရောက်ရင်ဒီကိုတာဝန်ကျမဲ့ဆရာဝန်တွေကိုရှေးရွေးပေးပါ့မယ်"
"ဘယ်နှစ်ယောက်လောက်ကျမှာလည်းဒေါက်တာ ဆေးခန်းက ကျယ်ကျယ်ဆောက်ရမလား ကျဥ်းကျဥ်းပဲလား"
"တစ်ခါထဲကျယ်ကျယ်ဆောက်လိုက်တာကပိုကောင်းမယ် သူကြီး ကျွန်မတို့တာဝန်ကျတဲ့ဆရာဝန်တွေကအဲ့ဆေးခန်းမှာပဲအိပ်ရင်းတာဝန်ထမ်းဆောင်လိမ့်မယ် ဘယ်နှစ်ယောက်ရယ်တော့အတိအကျမရှိသေးဘူး ဟိုရောက်ပေါ့ ၂ယောက်လည်းဖြစ်နိုင်သလို၃ယောက်လည်းဖြစ်နိုင်တယ်"
"အော် ဟုတ်ကဲ့ပါ ဒါဆို.ကျွန်တော်ခုပဲ လိုအပ်တာတွေသွားဝယ်လိုက်ပါအုန်းမယ် "
ရှေးလည်းအုပ်စုလိုက်ထိုင်နေတဲ့ဒေါက်တာတွေဘက်ကြည့်ကာ
"ဒေါက်တာတို့တစ်ချို့တစ်ဝက်လိုက်ကူပေးလိုက်အုန်း"
"ဟာ...မဟုတ်တာဗျာ ကျွန်တော်ရွာသားတွေခေါ်သွားမယ်"
ထို့နောက်သူကြီးသိုက်မောင်းလည်းသူ့ကားယူကာရွာအနောက်ဘက်ကိုထွက်သွားတော့သည် ရှေးလည်းစားပွဲခုံပေါ်ကဆက်ကနဲထလိုက်တာ မြေပြင်နဲ့ခြေဖဝါးနဲ့ထိသွားတော့နာသွားရသည်
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...