~အသက်နှင့်ရင်း၍~
အပိုင်း(၁၄)
ရွာဆိုင်းပုဒ်နဲ့ရွာနဲ့ကတစ်နာရီနီးပါးထိလျှောက်ကသည် ရွာလမ်းကလည်း လူနှစ်ယောက်ရှောင်စာလေးပဲရှိသည်ဘေးပတ်လည်မှာတောတောင်တွေပဲရှိသည်
"ဟိုးမှာအဲ့ရွာပဲဒေါက်တာတို့ "
ရဲတစ်ယောက်ရဲ့စကားကြောင့်ဒေါက်တာတွေအားလုံးလည်းကြည့်လိုက်တော့ မြူဆိုင်းတွေကြားထဲမှာမှိန်းပျပျရွာလေးမြင်ရပြီမို့ခရီးခဏနားလိုက်ကြသည်
"မြူတွေဆိုင်းနေတာလှတယ်နော် ဓာတ်ပုံရိုက်အုန်းမှ"
ပြောရင်း ဒေါက်တာ ခက်ယုဝေ လည်းဖုန်းထုတ်ကာဓာတ်ပုံရိုက်နေသည်
ရှေးနဲ့ကိုမင်းသုတလည်းရွာအကြောင်းပြောနေတုန်း
"ရှေး....သွားကြမယ်"
"အမောပြေကုန်ပြီလားအဲ့တာဆိုသွားကြတာပေါ့"
ထို့နောက်တော့ရှေးတို့အဖွဲ့လည်းရွာထဲစတင်ဝင်ရောက်လာခဲ့သည် ရဲတွေပါပါလို့ထင်သည်ထွက်ကြည့်နေတဲ့လူတွေကလန့်နေကြသည်
"ဟိုးကသစ်သားအိမ်ကြီးက သူကြီးအိမ်ဒေါက်တာတို့"
"ဟုတ် သွားကြတာပေါ့"
သူကြီးအိမ်လို့ဆိုသည့်အိမ်ခြံဝင်းထဲရောက်တာနဲ့ ရဲတစ်ယောက်ကနေလှမ်းခေါ်တော့သည်
"သူကြီး...ဦးသိုက်မောင်းရှိလား"
"ဗျို့.....သူကြီး...ငါဒီမှာ"
ဆိုတဲ့အသံနဲ့အတူအိမ်ပေါ်လှေကားထစ်ကနေဆင်းလာတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရလေသည် ခန္ဓာကိုယ်ကျစ်လစ်နေတာကတော့ဝတ်ထားတဲ့အင်္ကျီပါထင်းနေသည် ရုပ်ရည်ကတော့ယောင်္ကျားဆန်သည်မေးရိုးတွေထင်းကားပေမဲ့ကြည့်တော့ကောင်းသည်
"ဘာလုပ်ဖို့လည်းခေါ်တာ"
သိုက်မောင်းလည်းသူ့အိမ်ရှေ့ကရဲတွေနဲ့ဆရာဝန်တွေကိုကြည့်ပြီးပြောလိုက်သည်
ရှေးလည်းကိုယ်ကအဖွဲ့ထဲအကြီးဆုံးမို့
"ကျွန်မတို့ကရန်ကုန်ကနေ လာတာပါတောင်ပေါ်ဒေသကဆေးဝါးကုသမှုနည်းပါးတဲ့ဒေသတွေဆီကိုအခမဲ့ကုသပေးဖို့ပါ"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...