~အသက်နှင့်ရင်း၍~
အပိုင်း(၆)
ရှေးနဲ့မောင်ဒီနေ့တော့ရှေးရဲ့အစ်ကိုဝမ်းကွဲဖြစ်သူစိုင်းအာဏာစဝ်ရဲ့သမီးလေးမွေးနေ့ကိုတက်ရန်ပြင်ဆင်နေကြသည် မောင်ကလိုက်မယ်လို့ပြောလို့ရှေးပျော်သည်
စက် လည်းပြင်ဆင်ပြီးတော့ဧည့်ခန်းအောက်ကနေစောင့်နေသည် ခုထိမဆင်းလာသေးပေ
"မောင်....စောင့်ရတာကြာသွားပြီလား"
ဆိုတဲ့အသံကြောင့်မော့ကြည့်လိုက်တော့ မိုးပြာရောင်ကိုယ်ကျပ်အရှည်လေးကိုပေါင်တစ်ဝက်ကျော်ကျော်ခွဲထားတာကိုဝတ်ထားပြီးခြေတစ်လှမ်းလှမ်းလာတာနဲ့ပေါ်လာတဲ့ပေါင်တံသွယ်သွယ်လေးတွေနဲ့မျက်နှာလေးကတော့ခြယ်သထားတာပြောစရာမလိုပင်
"ကျစ်....ဒီမိန်းမ"
"ဘာကြီးဝတ်လာတာလဲရှေး"
"ဟင်...ဘာဖြစ်လို့လဲမောင်"
"တိုတိတိုနှမ်း...ဘာလဲဘယ်ကောင်တွေကိုမြှူဆွယ်မလို့လည်း"
ဟာ ရှေးမှာမောင့်စကားကြောင့်ပြောစရာပျောက်ရှကုန်ပြီခြေမျက်စိထိရှည်တဲ့ဂါဝန်ကိုတိုတယ်တဲ့လား
"ခြေမျက်စိထိရှည်ပါတယ်မောင်ရယ်ပေါင်တစ်ဝက်မှမဟုတ်တာ"
"ခင်ဗျားအရင်ကဒါတွေမဝတ်ပါဘူးခုမှဘာလို့ဝတ်တာလည်းလိုက်လည်းမလိုက်ဘူး"
"ခတ္တာပို့လိုက်တာ ဝတ်လာဖို့တဲ့ လာပါမောင်ရယ် သွားရအောင်"
စက်လည်းမျက်စောင်းတစ်ချက်ထိုးပြီးကားဆီအရင်ထွက်လာခဲ့လိုက်သည် သူမကားပေါ်ရောက်တာနဲ့ မခတ္တာတို့အိမ်ဘက်ထွက်လာခဲ့တော့သည်
ခတ္တာတို့အိမ်မှာတော့ဘောက်သံတွေ၊စကားပြောသံတွေနှင့်ဆူညံနေလျက် ခတ္တာလည်းသမီးကိုချီလျက်ယောင်းမဖြစ်သူကိုစောင့်နေသည်
"ခတ္တာ...ရှေးကိုစောင့်နေတာလား"
"အင်းဟုတ်တယ်ကိုကို "
"ဟိုးမှာလာပြီ ကြည့်ကြည့်"
ကိုကိုပြတဲ့နေရာကြည့်လိုက်ခတ္တာတို့နားလျှောက်လာတဲ့မရှေးတို့ကိုတွေ့လိုက်ရလေသည် သူမပို့လိုက်တဲ့အဝတ်အစားနဲ့လာတာပင်
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...