~အသက်နှင့်ရင်း၍~
အပိုင်း(၁၂)
"သား...မနက် ဘုန်းကြီးတွေအစောကြီးသွားပင့်ရမယ်နော်"
စက် ရှေးတို့နဲ့အတူ ယောက္ခမတစ်လပြည့်အတွက် လုပ်ကူနေရင်းနောက်ပါးဆီကယေညက္ခမအသံကြောင့်လှည့်ကြည့်ရင်း
"ဟုတ်ကဲ့....မာမီ မနက်ကြ ကောင်းထက်နဲ့သားသွားပင့်မယ်"
"အေးအေ "
စက် လည်းသူ့ဘေးကရှေးကိုကြည့်တော့သက်နှင့်စကားပြောနေတာဘေးလူတွေကိုအာရုံပင်မလာချေ အိမ်မပြန်ရသေးခင်တော့သူနဲ့ရှေးတစ်ခန်းထဲတူတူအိပ်ရအုန်းမည် မဟုတ်လျှင်ယောက္ခမကသိသွားလို့မာမီတို့သိရင် စက် ခေါင်းမွှေးပြောင်ပြီ
ရှေးနဲ့တစ်ကုတင်ထဲတူတူစအိပ်တဲ့ညကဆို စက်မှာ ရင်ခုန်သလိုလိုဒူးတုန်သလိုလိုနဲ့ သူကသာဖြစ်နေတာရှေးကအိပ်တာသိုးနေတာပဲ
"ရှေး..."
"ဟင်...ပြောလေမောင်ဘာဖြစ်လို့လည်း"
"ငှက်ပျောကဘယ်လောက်လောက်လှီးမှာလည်း"
"ပေး ရှေးကိုဓား ရှေးပြမယ် ဒီမှာဒီလောက်အရွယ်ဆိုအတော်ပဲ ရေကျမှာနဲ့အနူးနဲ့ အဲ့ထက်သေးရင် ရေအကျဆိုပြဲသွားလိမ့်မယ်"
ရှေးလည်းမောင့်လက်ထဲကဓားကိုယူကာအနေတော်လေးတွေလှီးပြလိုက်သည်
"ရှေးရေ....နင်တို့ဆေးပေးသွားမှာကဘယ်လောက်ကြာမှာလည်း"
"အနည်းခံ ၁လပါပဲ ဆေးဝါးခက်ခဲတဲ့ဘက်တွေကိုအဓိကသွားမှာ"
သက်လည်းနှာခေါင်းလေးရှုံ့လိုက်ကာ
"ငါလည်းလိုက်ချင်တာကိုငါနဲ့ကောင်းထက်ကြ ကျန်ခဲ့တယ်"
"နောက်တစ်ခေါက်ကြလိုက်ပေါ့သက်ရဲ့ ခုကမဲအလှည့်နဲ့ဆို"
"ဟုတ်တယ်လေ အဲ့တာကောင်းထက်မကောင်းလို့ ငါမဲနှိုက်ရမဲ့အလှည့်ကိုလူပြောင်းလိုက်တာ အဲ့တော့ မိသိမ့်ကပေါက်ရော"
"မိသိမ့်ဆိုတာဇိုင်းဘုန်းရှိန်သာနဲ့မောင်နှမဝမ်းကွဲမဟုတ်လား"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...