~အသက်နှင့်ရင်း၍~
အပိုင်း(၂၅)
၂လခန့်ကြာပြီးသောအခါ
ရှေးတစ်ယောက်သူမရုံခန်းကပြတင်းပေါက်နားရပ်ကာ ကောင်းကင်တစ်ခုလုံးမဲမှောင်ညှို့မှိုင်းကာရွာနေတဲ့မိုးစက်တွေကိုကြည့်ကာ သူငယ်ချင်းဖြစ်သူအလာကိုစောင့်နေသည်
ဒီနေ့နဲ့ဆိုမောင်နဲ့ရှေးကွာရှင်းပြတ်စဲခဲ့တာ၂လပြည့်ပြီပင်ဖြစ်သည် ကြားထဲမောင်နဲ့အလုပ်မှာဆုံခဲ့ရင်တော့ အကြည့်ချင်းမဆုံမိအောင်နေသည်အလုပ်နှင့်ပတ်သက်လို့ပြောဆိုဆက်ဆံကြရင်တောင်လေသံကိုမာကာခပ်ပြတ်ပြတ်သာပြောဆိုဆက်ဆံသည် ခုနောက်သူ့မိဘအိမ်ပြန်နေနေပြီလို့တော့ပြောသံကြားမိပါသည်
ခုချိန်ဆိုရှေးမှာ
"ရှေး....ငါ့ကိုခေါ်တယ်ဆို"
သက်မှူးအိမ်တစ်ယောက်တံခါးဖွင့်ကာသူငယ်ချင်းဖြစ်သူဆီလျှောက်လာခဲ့သည်
ရှေးလည်းသက်ကိုကြည့်ကာ
"ငါပြောစရာရှိလို့သက်"
"အေး ပြောစရာရှိတာနောက်မှပြောခုကငါပြောမယ် နင့်ဒီလထဲ ဝလာတာလား ကိုယ်လုံးပြည့်နေသလိုပဲ"
သက်မှူးအိမ်လည်းသူငယ်ချင်းဖြစ်သူကိုကြည့်ကာပြောနေသည်
စက်လည်းရှေးနဲ့တိုင်ပင်စရာရှိတာကြောင့်ရုံးခန်းဘက်ထွက်လာတော့ မသက်နဲ့စကားပြောနေတာကြောင့်တံခါးအဝ၌ရပ်ကာနားထောင်နေသည် သူမကသူ့အပေါ်ကွာရှင်းပြတ်စဲခဲ့တဲ့အချိန်ကတစ်ခြားလူတစ်ယောက်စိမ်းသက်စွာတာဆက်ဆံခဲ့သလို ကိုကြီးနဲ့ အတ္တခေါင်ဇိုင်းမြတ်ဆိုတဲ့လူကလည်းဆေးရုံကိုချောင်းပေါက်မတတ်လာသည်
သူ့မှာချစ်တာကိုချစ်တယ်လို့ပြောခွင့်မရတဲ့ဘဝ၊သဝန်တိုပါတယ်လို့ပြောချင်ရင်တောင်ပြောခွင့်မရတဲ့ဘဝကြီးပင်
သက်မှူးအိမ်လည်းရှေးလက်လေးကိုကိုင်ကာ
"ဘာပြောစရာရှိလို့လဲရှေးငါနားထောင်ပေးမယ်ပြောလေ"
"သက်....ငါဘယ်လိုလုပ်ရမလဲဟင်...."
"ဟင်.....ဘာကိုလည်းရှေးရဲ့"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...