~အသက်နှင့်ရင်း၍~
အပိုင်း(၂၇)
မနက်မိုးလင်းတာနဲ့စက်လည်းဆေးရုံကိုစောစောလာခဲ့ပြီးရှေးကိုပတ်ရှာနေသည်
"ဒီချိန်လာလောက်ပါပြီ စောစောလာနေကြကိုး"
သူလည်းလိုက်ရှာနေရင်းတစ်နေရာအရောက်ဆေးရုံထဲဝင်လာတဲ့ရှေးကိုတွေ့လိုက်ရသည် လက်ထဲမှာလည်းစံပယ်ပန်းစည်းကြီးနဲ့
"ဟယ် ဒေါက်တာစံပယ်ပန်းစည်းကြီးနဲ့ကြည့်ရတာကောင်လေးကပေးလိုက်တာထင်ပါရဲ့"
"ဟုတ်ပါ့ ဒေါက်တာတို့များအားကျစရာ"
ရှေးလည်းသူ့ကိုပြောနေတဲ့ဒေါက်တာတွေကြောင့်ပြုံးကာနားထောင်နေရင်းသူမကိုစိုက်ကြည့်နေတဲ့မင်းရက်စက်ကြောင့်မျက်နှာတည်တင်းလိုက်ကာ
"ဟုတ်တယ် ကိုကအဲ့လိုပဲလက်ဆောင်တွေခဏခဏပို့နေတာပြောလည်းမရဘူး"
"ခုဏကလည်းသူ့ကားကြီးမဟုတ်လားဒေါက်တာကားကမိုက်တယ်နော်"
"အင်းဟုတ်တယ်သူလိုက်ပို့တာလေ ကော်ဖီပါဝယ်ပို့သေးတယ်လက်ထဲလည်းပစ္စည်းကိုစုံနေတာပဲ"
"ဒေါက်တာတို့လက်ထပ်ပွဲကြဖိတ်နော် နာမည်ကြီးစီးပွားရေးသမားဆိုတော့လူကြိတ်ကြိတ်တိုးမှာ"
"အဟင်း.....ဖိတ်မှာပေါ့ဆေးရုံတစ်ခုလုံးကိုဖိတ်မှာခုတော့သွားလိုက်အုန်းမယ်နော်လက်ထဲကကော်ဖီတွေအေးသွားရင်သောက်မကောင်းဘူး"
"ဟုတ်ကဲ့ပါခွင့်ပြုပါအုန်း"
ရှေးလည်းနှုတ်ဆက်ပြီးတာနဲ့ထွက်လာခဲ့ရာသူ့အနားကအဖြတ်လက်ကိုဆောင့်ဆွဲခံလိုက်ရလေသည်
စက်လည်းလက်ကိုဆောင့်ဆွဲလိုက်တော့သူ့ကိုဒေါသတစ်ကြီးကြည့်လာတဲ့ရှေး
"လက်နက်တွေနဲ့မောင့်ကိုသတ်စရာမလိုပါဘူးရှေးရဲ့စိမ်းသက်တဲ့အကြည့်နဲ့တင်မောင်သေနေရပါပြီရှေးရဲ့"
"ဘာလုပ်တာလည်းငါ့လက်ကိုလွှတ်စမ်း"
"ပြောစရာရှိလို့ ခဏလေးပါရှေးရယ်"
"ငါ့လက်ကိုအရင်လွှတ် ငါ့အသားကိုမထိစမ်းနဲ့"
"ငါ့ညီမလက်ကိုလွှတ်လိုက်..."
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...