~အသက်နှင့်ရင်း၍~
အပိုင်း(၂၉)
ညအချိန်လင့်တဲ့အထိငွေ့ရည်တစ်ယောက်ပြန်မလာသေးတာကြောင့် စက်တစ်ယောက်ဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည် ရှေးကတော့ကိုယ်လက်နာလို့တဲ့စောစောအိပ်သွားပြီပင်
"ကျစ်.....ဖုန်းခေါ်တော့လည်းမကိုင်ဘူး"
ထိုချိန်သူ့ဖုန်းဆီမှအသံထမြည်လာတာကြောင့်ကြည့်လိုက်တော့ မင်းသွေးထွဋ် တဲ့ဆိုလို့ကိုင်လိုက်လေသည်
"အေး....မင်းသွေးပြော ဘာကိစ္စလည်း"
"ဟေ့ဟျောင် စက် ဘယ်နှစ်နာရီရှိပြီလဲကွ"
"ဟ....နွား....မင်းအိမ်မှာနာရီမရှိဘူးလား လက်ထဲလည်းဖုန်းကိုင်ထားပြီးငါ့ကိုမေးရလား"
"ခွေးကောင် ဖြေမှာဖြေစမ်းပါငါမေးစရာရှိလို့"
စက်လည်းနံရံကနာရီကိုတစ်ချက်ကြည့်လိုက်ပြီး
"10နာရီထိုးတော့မယ် အဲ့တော့ဘာဖြစ်လို့လည်း"
"အေး....ခုငွေ့ရည်ပြန်မရောက်သေးဘူးမဟုတ်လား"
"အေ ခုထိပြန်မရောက်သေးဘူးကွ"
မင်းသွေးလည်းHotelအပြင်ဘက်က တရုတ်စကားပင်အောက်ထိုင်နေရင်းHotelဘက်ကိုကြည့်ကာပြုံးနေရင်း
"အေး.ခုငွေ့ရည်ကမင်းယောက်ဖပိုင်တဲ့Hotelထဲမှာ"
"ဘာ....မင်းဘာပြောလိုက်တာမင်းသွေးမင်းဟာကတိကျရဲ့လားကွာ"
"ဟ ငါကမဟုတ်ပဲပြောမလားကွ ငါအသိဆီမာမီလာခိုင်းလို့လာရင်းငွေ့ရည်အသက်အလတ်ပိုင်းလူတစ်ယောက်နဲ့လာတာတွေ့တာ"
"မင်း ငါ့ကိုတည်နေရာခုပို့ပေးလိုက်မဟုတ်လို့ကတော့မင်းသေမယ်"
"ဟ မင်းယောက်ဖHotelတောင်မင်းမသိဘူးလား"
"စောက်ရစ်ကလည်းတက်လိုက်တာ စကားတောင်၁၀ခွန်းပြည့်အောင်မပြောဖူးဘူးကွ သူ့ညီမကိုငါနဲ့ယူလို့ကျေနပ်တာမဟုတ်ဘူး ပို့မှာသာပို့စမ်းပါကွာ"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...