~အသက်နှင့်ရင်း၍~
အပိုင်း(၂၀)
ညနေကတစ်နေကုန်ရေဆော့ပြီးတာနဲ့ ညမှရှေးတစ်ယောက်ကိုယ်တွေကျစ်ကျစ်တောက်ပူကာဖျားပြီဖြစ်သည်
"ဟင်း......အင်းဟင်း......ဟင်း.. "
စက်လည်းအိပ်နေရင်းညီးနေသံကြားတာကြောင့်နိုးလာခဲ့ရာ ဘေးကရှေးကိုစမ်းကြည့်တော့ ကိုယ်တွေကျစ်ကျစ်တောက်ပူနေတာမို့သူ့မှာတစ်ခါထဲဖင်ထိုင်ရက်သားဖြစ်သွားရသည်
"ကျစ်.....ဒီလောက်တောင်ပူရလား ရေပတ်အရင်တိုက်ပေးပြီးမှဆေးထိုး၊ဆေးသောက်ခိုင်းရမယ်"
စက် လည်းအောက်ထပ်အမြန်ပြေးဆင်းကာဇလုံထဲရေထည့်ကာ ပြန်တက်လာခဲ့ပြီးသူ့အခန်းထဲကပုဝါအသစ်လေးကိုထုတ်ကာသူမနားပြန်လာခဲ့သည်
"ရှေး....ခေါင်းတွေပါအရမ်းမူးနေလားဟင် မောင်ရှိတယ်နော် မောင်သက်သာအောင်လုပ်ပေးမယ်နော်"
စက်လည်းပုဝါလေးကိုရေနှစ်လိုက်ပြီးရေညှစ်လိုက်ကာရှေးရဲ့နှဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုဖယ်ကာ ကပ်ပေးထားသည် ကပ်ပေးထားတဲ့အချိန်သူမခြေထောက်လေးကိုနောက်ပုဝါတစ်ခုနဲ့ဖြည်းညင်းစွာသုတ်ပေးနေသည် ကျောက်စူးစူးထားတဲ့ဒဏ်ရာလေးကခုထိသိပ်မကျက်ချင်သေး ဒါကိုညနေကပတ်ပြေးနေတာခုန်ဆွခုန်ဆွနဲ့
စက်လည်းသူမဒဏ်ရာလေးကိုအနမ်းဖွဖွလေးပေးခဲ့ကာသူမဘေးနားဝင်ထိုင်လိုက်သည် ထို့နောက်အဖျားကျဆေးတစ်လုံးထိုးပေးပြီးသူမကိုနှိုးရန်ပြင်လိုက်သည်
"ရှေး.....ရှေး.....ရှေး"
"ရှေး.....ထအုန်းဆေးသောက်ရအောင်"
"အင်း.....ဟင်း....ကျွတ်စ့်"
ရှေးလည်းခေါင်းလေးကိုဖိရင်းလူးလှိမ့်ကာနိုးလာသည်မျက်လုံးအားယူကာဖွင့်လိုက်တော့ မောင့်ရဲ့ချောမောတဲ့မျက်နှာလေးကိုအရင်တွေ့လိုက်ရတာကြောင့်တစ်ချက်ပြုံးပြလိုက်သည်
"ဘာတွေပြုံးနေတာလည်းထ ဆေးသောက်မယ် ကိုယ်တွေပူနေတယ် "
"ကိုယ်တွေလက်တွေကိုက်ခဲနေတယ်မောင်"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...