~အသက်နှင့်ရင်း၍~
အပိုင်း(၁၃)
ဒီနေ့မနက်တော့4:00နာရီထကာပြင်ဆင်ကြသည် လိုအပ်တာတွေမှန်သမျှသယ်နိုင်သမျှသယ်လာသည် လိုမှသာထပ်လို့ပို့ခိုင်းရမည်
"ပြီးရင်ဆေးရုံကိုသွားကြမယ်"
ရှေး အသံပြုလိုက်တာနဲ့မောင်နဲ့ငွေ့ရည်လည်းအိမ်ပေါ်ထပ်ကနေအထုပ်ကိုယ်စီနဲ့ဆွဲဆင်းလာကြသည်
"အ့....အထုပ်ကလည်းလေးလိုက်တာကိုကိုရာ"
"ဘယ်လောက်တောင်ဖိနှိပ်သိပ်ထည့်လာလည်းငွေ့ရည် မနိုင်လည်းရအောင်သယ် မင်းတစ်ယောက်ထဲမဟုတ်ဘူးငါတို့လည်းကိုယ်စီအထုပ်တွေနဲ့"
ဟင် ငွေ့ရည်ကိုကိုစကားကြောင့်ကြက်သေသွားရသည် ခုသူမကိုမင်းနဲ့ငါနဲ့ပြောလိုက်တာလား ၁လလောက်လေးမတွေ့လိုက်ရတာနဲ့လေ
ထို့နောက်စက် တို့လည်းဆေးရုံကိုထွက်လာခဲ့တော့သည် ဆေးရုံရောက်တာနဲ့ တာဝန်ထဲပါတဲ့ဒေါက်တာနဲ့Nurse၁၀ကဆေးရုံရှေ့အသင့်စောင့်နေကြသည်
ရှေး လည်း ကားရပ်လိုက်တာနဲ့ကားပေါ်ကဆင်းကာ
"အားလုံးပဲမင်္ဂလာပါနော့ ရှေးအလုပ်ပြန်ဝင်ပါပြီ ခုချင်းပြည်နယ်ဘက်တာဝန်ကျတဲ့ဒေါက်တာတို့Nurseတို့ကို ရှေးတာဝန်ယူပါတယ်"
မင်းသွေးမှာ အိပ်ချင်မူးတူးနဲ့ဘာမှအာရုံမရပေမျက်တောင်စင်းကာအိပ်ငိုက်နေသည်
"လူစုံပြီးလားလို့တစ်ချက်စစ်ကြည့်ပါအုန်း"
ဆေးရုံအုပ်ရဲ့အသံကြားတာနဲ့သိမ့်လေပြေနွေးလည်း လူစစ်ကြည့်နေလေသည် လူပြည့်တာမို့
"လူအကုန်ပြည့်ပါတယ်ဒေါက်တာ ၁၀ယောက်အတိပါပဲ"
"ဒီညီမက ဇိုင်းဘုန်းရှိန်သာညီမဆိုဟုတ်လား"
"ရှင်...ဟုတ်...ဟုတ်ဆေးရုံအုပ်က ကိုကို ကိုယ်သိတယ်ပေါ့"
"သိတယ်လေ အစ်မသူငယ်ချင်းဇိုင်းဘုန်းရှိန်သာက"
"လူစုံရင်လည်းစထွက်ကြမယ်လေ ရှေး"
စက် လည်းမိန်းမဖြစ်သူနားကပ်ကာပြောလိုက်သည်
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...