~အသက်နှင့်ရင်း၍ ~
အပိုင်း(၂၃)
ရှေးတစ်ယောက်အိပ်ယာကနေလူးလှိမ့်ကာနိုးလာရသည်ခေါင်းကိုဖိနှိပ်ကာမျက်လုံးဖွင့်ကြည့်လိုက်တော့သူမအခန်းထဲ ပြန်ရောက်နေတာပင်
"ဟင်....ငါ့အခန်းကိုမောင်လိုက်ပို့ပေးတာလား အို မဟုတ်လောက်ပါဘူး မောင်ကငါ့ကိုမုန်းနေတာတဲ့လေ ဒါဆိုဘယ်သူပို့တာလည်း"
"ဒေါ်ရှေးသစ္စာ...ထစမ်း....ထ"
အပြင်ကနေမောင့်ရဲ့အသံကြီးဟာဟိန်းထွက်လာရသည်မို့ရှေးကိုယ်လေးတုန်တက်သွားရသည်
ရုတ်တရက်ထရန်ပြင်လိုက်ပေမဲ့ခြေထောက်တွေကမရပ်နိုင်ပေ
"အာ့.....ဘုန်း.....မောင်!!
စက်လည်းအသံကြောင့်တံခါးဖွင့်ကာဝင်လာတော့ကြမ်းပြင်ပေါ်လဲနေတဲ့ရှေးကိုတွေ့လိုက်ရလေသည်
"အလုပ်လုပ်ဖို့ပြင်လေ မူယာမာယာတွေထုတ်သုံးမနေနဲ့ ထစမ်းအခု ဒီနေ့ငွေ့ရည်အမေလာနေမှာ ထမင်းဟင်းသွားချက်"
"ဟင်....ဒေါ်ထားကရော ငွေ့ရည်အမေကဘာလို့လာနေမှာ သမီးဖြစ်သူလာနေတာနဲ့တင်ပတ်ဝန်းကျင်မှာအရှက်ရနေပြီ"
"ကျုပ်ယောက္ခမလောင်းကသမက်အိမ်လာနေတာစမ်းသလား.....ခင်ဗျားသာကွာရှင်းပေးလိုက်ရင်ခုဆိုငွေ့ရည်နဲ့လက်ထပ်ပြီးပြီ"
"လုံး....ဝ...မ....ကွာ....ရှင်း...ပေး...နိုင်...ဘူး"
ရှေးလည်းမခံချင်စိတ်နဲ့နှုတ်ခမ်းကိုပြတ်လုမတတ်ဖိကိုက်ကာလဲရာကနေကုန်းရုန်းထကာ အခန်းထဲကနေတစ်လှမ်းချင်းတစ်ရွေ့ရွေ့နဲ့ထွက်လာခဲ့သည်
ကျန်ခဲ့တဲ့စက် လည်းမျက်နှာတစ်ချက်ပြတ်သွားရကာနောက်ကနေလိုက်လာခဲ့သည်
ရှေးလည်းမီးဖိုဆောင်ထဲရောက်မှမျက်နှာသစ်လိုက်ပြီးဆံပင်ရှည်တွေကိုထုံးလိုက်ပြီးထမင်းဟင်းစချက်ရန်ပြင်လိုက်သည်
ဒေါ်ရွှေရည်လည်းကားပေါ်ကဆင်းလိုက်ပြီးကားသမားကိုပိုက်ဆံပေးပြီးတာနဲ့ကြီးမာလှတဲ့နှစ်ထပ်အိမ်ကြီးကိုကြည့်ကာ
YOU ARE READING
~အသက်နှင့်ရင်း၍~
عاطفية"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...