~အသက်နှင့်ရင်း၍~
အပိုင်း(၁၁)
ကြီးမားကျယ်ဝန်းလှတဲ့ခြံကြီးထဲအတွင်းကားများစွာထိုးရပ်ထားလျှက်ရှိနေသည် အစိမ်းနုရောင်သုတ်ထားတဲ့၂ထပ်အိမ်ကြီးထဲအတွင်းတော့လူများစွာထိုင်ကာစကားပြောသူပြော၊ငိုသည့်လူငိုနှင့် အတော်ဆွေးမြေ့ဖို့တော့ကောင်းလှသည်
"ဟယ်...ကိုဝနကျော်ကအသက်၅၅နှစ်ပဲရှိသေးတာကို ဆုံးသွားရတာစိတ်မကောင်းလိုက်တာ"
"ဟုတ်ပါဟယ် သူ့သမီးလေးခမျာ ခုထိဘာမှမစားသေးပဲ ငိုနေတာတဲ့"
"ကိုဝနကျော်ကတစ်ကယ့်စိတ်ရင်းကောင်းတဲ့သူ အဲ့လိုလူကိုဆုံးရှုံးလိုက်ရတာနှမြောတသ"
ဦးမင်းထင်နဲ့ဒေါ်သူဇာတို့လည်းခမည်းခမက်ဖြစ်သူရဲ့သတင်းကြားတာနဲ့ချက်ချင်းပြန်လာခဲ့ကြသည်
ဒေါ်သူဇာ လည်းမရှေးရင့်နားထိုင်ကာကျောလေးကိုပုတ်ပေးနေရင်း
"သူဇာတို့လည်းစိတ်မကောင်းပါဘူး မရှေးရင့်ရယ်သတင်းကြားကြားချင်းပြန်ချလာခဲ့တာ "
"ရပါတယ် မသူဇာရယ်"
"ဒါနဲ့ သမီးလေးရော မရှေးရင့် ကျွန်မရောက်ထဲကမတွေ့ဘူး"
"ဟိုးမှာ မသူဇာ"
ဒေါ်သူဇာလည်းမရှေးရင့်လက်ညှိုးထိုးပြရာကြည့်လိုက်တော့ ဖခင်ဖြစ်သူရဲ့ဓာတ်ပုံနားမှာထိုင်ကာမလှုပ်မယှက် ဘေးနားမှာလည်းသားတော်မောင်ကိုတွေ့လိုက်ရသည်
စက် လည်းတုပ်တုပ်မျှမလှုပ်ပဲ၊စကားတစ်ခွန်းမှမပြော၊ဘာမှမစားပဲခုထိနေနေတဲ့ ရှေးကြောင့်သူပါစိတ်မကောင်းဖြစ်နေရသည်
ရှေး ဒယ်ဒီရဲ့ ပြုံးနေတဲ့ဓာတ်ပုံလေးကိုထိုင်ကြည့်နေတာ မိုးလင်းထဲကပင်
"ဦးဝနကျော် အသက်(၅၅)နှစ်
စနေနေ့နံနက်၉နာရီ၄၅မိနစ်တွင်ကွယ်လွန်သည်"
ဆိုတဲ့စာတန်းလေးပါတဲ့ယပ်တောင်လေးကိုစားပွဲခုံပေါ်တွေ့လိုက်ရခိုက် ရှေးဘယ်လိုမှမခံစားနိုင်တော့ပေ ရင်တွေပေါက်ထွက်တော့မတတ် ဖအေချစ်သမီးဖြစ်တဲ့ရှေးအဖို့ နည်းနည်း လေးမှကိုအဆင်မပြေပေ
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...