~အသက်နှင့်ရင်း၍~
အပိုင်း(၁၉)
တစ်ရက်ကျော်ခရီးနှင်ပြီးနောက်တော့ ဌာနေဖြစ်တဲ့ ရန်ကုန်မြို့ကြီးကိုပြန်ရောက်လာကြပြီဖြစ်သည် ရန်ကုန်မြို့မြောက်ဥက္ကလာပရှိ မေတ္တာရိပ် ဆိုတဲ့ဆေးရုံကြီးရှေ့ကားထိုးရပ်လိုက်တာနဲ့ဆေးရုံအတွင်းကnurseများဒေါက်တာများကစီးကြိုကြသည်
ဒေါက်တာသက်မှူးအိမ်နှင့်ဒေါက်တာကောင်းထက်တို့ကဦးဆောင်ကာပင်
"ကြိုဆိုပါတယ် ဆေးရုံအုပ်ကြီး နဲ့ဒေါက်တာများရှင့်"
"လမ်းခရီးဘယ်လိုနေလည်း တောင်ပေါ်ရွာကအဆင်လေးတွေရှိလား"
"သက် မှူး အိမ် ငါတို့ဆေးရုံထဲဝင်ပါရစေအုန်း"
ရှေးလည်းသူ့ထက်၂နှစ်ကျော်ငယ်တဲ့သူငယ်ချင်းဖြစ်သူကိုဆီးကြိုပြောလိုက်ရသည် လူသာလား၊နာလားမမေးဘူး အဆင်လေးတွေရှိလားတဲ့တကယ့်နှာဘူးစိန်၊စပ်စုစိန်မပင်
ထို့နောက်ရှေးတို့လည်းဆေးရုံထဲဝင်လာခဲ့ကြတော့သည် အဖွဲ့ထဲပါတဲ့ဒေါက်တာတွေကိုတော့ရှေး ခွင့်၃ရက်ပေးထားသည် ခရီးပန်းနေကြမှာအသေအချာပင်မို့
"အဖွဲ့ထဲပါတဲ့ ကိုမင်းသုတ၊ချိုချိုလွင်၊ခက်ယုဝေ၊မင်းသွေးထွဋ် ၊ခေးခေးခင်နဲ့တစ်ခြားကျန်တဲ့ဒေါက်တာ၃ယောက်လည်းခုအိမ်ပြန်နားမယ်ဆိုနားလို့ရတယ်နော် ရှေးခွင့်၃ရက်ပေးမယ်"
"တစ်ကယ်လား ဒေါက်တာ "
ခေးခေးလည်းဆေးရုံအုပ်ကြီးစကားကြောင့်လက်ခုပ်လေးထတီးကာခုန်ရင်းပြောလိုက်သည်
"တကယ်ပေါ့....ခေးခေးရဲ့ခေးခေးကိုက၅ရက်ပေးမယ် အသက်ငယ်ငယ်လေးနဲ့လိုက်ခဲ့ရတာ အဲ့တော့ ခွင့်၅ရက်ကိုပျော်ပျော်ရွှင်ဖြတ်သန်းနော်"
"ဟီး အသက်အငယ်ဆုံးဖြစ်ရတာပျော်စရာကြီးကျေးဇူးအများအများကြီးတင်ပါတယ်ဆေးရုံအုပ်ကြီး အဲ့မို့ဆေးရုံအုပ်ကြီးကဒီလောက်ချောနေတာ"
"အမယ်.....ဟုတ်ပါပြီမြှောက်မနေပါနဲ့မခေးခေးရယ် ကျွန်မကိုမမြှောက်လည်းရှင့်ကိုခွင့်၅ရက်ပေးမှာပါ"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...