~အသက်နှင့်ရင်း၍~
အပိုင်း(၁၆)
ညေနတော့လူစုခွဲကာရေတံခွန်ဆီလာလည်ကြတာ ရှေး၊စက်၊ငွေ့ရည်၊မင်းသွေး၊သိမ့်သိမ့်တို့၅ယောက်နဲ့သူကြီးရယ်ပင် ကျန်တဲ့သူတွေကတော့ ဆေးကုရန်အတွက်ကျန်ခဲ့ကြသည်
"ကိုကို....ငွေ့ရည်ညောင်းလာလို့ဂုန်းပိုးပါအုန်း အဟင့်"
"ဟင်....မလျှောက်နိုင်တော့ဘူးလားငွေ့ရည်"
"ဟင့်အင်း ကိုကိုတစ်ကယ်ငြောင်းနေပြီ"
မင်းသွေးလည်းမျက်စိစူးလာရသည်
"မလျှောက်နိုင်ရင်နေခဲ့လေ ငွေ့ရည် သူ့အမျိုးသမီးကိုအားနာအုန်း"
ရှေးကတော့ရုပ်တည်တည်လေးနဲ့ဘာစကားမှဝင်မပြောဘဲကြည့်နေသည်
ငွေ့ရည်လည်းသူ့ဘက်ကမပါပဲထိုမိန်းမဘက်သာပါနေကြတာမို့ထိုမိန်းမကိုလုပ်သတ်ချင်လာရသည်
"ဘာအားနာရမှာလည်း ငွေ့ရည်ချစ်သူကိုသူကသာယူသွားတာ အချိန်တစ်ခုရောက်ရင်သူကိုကွာရှင်းခိုင်းမှာ"
"ငွေ့ရည်!!လူကြားထဲဘယ်လိုဖြစ်နေလည်း"
စက် လည်းငွေ့ရည်ကိုဟောက်ကာရှေး ဘက်ကိုကြည့်တော့ တည်ငြိမ်တဲ့မျက်ဝန်းတွေကကစားနေပြီမို့တစ်ခုခုပြောတော့မှာမှန်း စက်သိလိုက်ရသည်
"ရန်ကုန်ရောက်ရင်ကွာရှင်းမယ် နင့်ချစ်သူဆိုနင်ပြန်ယူ"
"ရှေး.....!!
စက်လည်းရှေးရဲ့အေးစက်ပြတ်ရှနေတဲ့အသံကြောင့်ထိတ်လန့်ကာအော်လိုက်သည်
"သူကြီး၊သိမ့်သိမ့် ငါတို့အရင်သွားနှင့်ရအောင်ရေတံခွန်လည်းမြင်နေရပြီဆိုတော့"
ကျန်တဲ့လူတွေကလည်းပြဿနာကြားထဲမဝင်ချင်တာကြောင့်ရှောင်ထွက်လာကြသည်
"ကိုကိုကလည်းသူကွာပေးမယ်ဆိုတော့ပိုတောင်ကောင်းသေးတာပေါ့"
"မင်းတိတ်တိတ်နေစမ်း!!ငွေ့ရည်"
"ကိုကိုငွေ့ရည်ကိုလာမအော်နဲ့ကိုကိုပဲပြောတာလေသူနဲ့တစ်နှစ်ပြည့်ရင်ကွာရှင်းပြီးငွေ့ရည်ကိုလက်ထပ်မှာလို့ကတိပေးထားတယ်လေ"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...