Part-24

5.5K 65 0
                                    

~အသက်နှင့်ရင်း၍~

အပိုင်း(၂၄)

သက်မှူးအိမ်တစ်ယောက်ရှေးပြောတာကြောင့်အကြောင်းစုံသိရအောင်သူငယ်ချင်းဖြစ်သူနေထိုင်တဲ့အိမ်ကိုရောက်နေပြီဖြစ်သည်

"ဘယ်လိုတွေဖြစ်ကြတာလည်းရှေးရယ်"

"ဘာဖြစ်တာလည်းဆိုတော့သည်းမခံနိုင်တော့တာ သက်"

"နင့်အပေါ်ဘယ်လောက်ထိတောင်လုပ်ထားတာလည်း"

ရှေးလည်းသူငယ်ချင်းဖြစ်သူရဲ့စကားကြောင့်သူမနောက်ကျောကိုလှန်ပြလိုက်သည်

သက် လည်းသူငယ်ချင်းဖြစ်သူရဲ့ကျောကိုအကြည့်ရောက်ခိုက်

"အမလေး....ဘုရားရေ....ဒီ....ဒီဒဏ်ရာတွေက"

ရှေးလည်းအင်္ကျီကိုပြန်ဆွဲချရင်း

"ဟုတ်တယ် အဲ့တာကြာပွတ်နဲ့အရိုက်ခံထားရတာ"

"ဒီလောက်ထိတောင်လုပ်ရက်ရတာလည်းဟာ"

"ငါအသားနာခဲ့တာတွေထက်ခုငါ့အသည်းပိုနာနေတယ် သက်ရယ် "

"နင်သိလားသက် မောင့်မှာရင်သွေးလေးရှိနေပြီတဲ့"

"ဘာ!!

ရှေးရဲ့စကားကြောင့်သက်မှူးအိမ်ရဲ့ဘာဆိုတဲ့သံကြီးကဟိန်းထွက်သွားခဲ့သည်

"ဘယ်သူလဲ ငွေ့ရည်နဲ့တဲ့လား ရှေး"

"အင်း.....သူ့ချစ်သူမှာသူ့ရင်သွေးလေးရှိနေပြီတဲ့ ငါ့ကိုကွာရှင်းပေးဖို့ပြောနေတာအကြိမ်များစွာ ငါလက်မခံခဲ့ဘူး ခုကငွေ့ရည်အမေကပါအိမ်ပေါ်တက်လာပြီးငါ့ကိုစော်ကားတာ ငါသည်းမခံနိုင်တော့ဘူး သက်ရယ်"

သက် လည်းသူငယ်ချင်းဖြစ်သူကိုသနားရိပ်ပိုစွာကြည့်နေရင်း

"အန်တီရောပြန်လာမယ်တဲ့လား "

"အင်း....မာမီဒီနေ့ပြန်လာမယ် အာဏာသွားကြိုနေတယ်"

"နင့်အစ်ကိုအာဏာရောဒီအကြောင်းတွေသိလား"

"ဟင့်အင်း.....ငါသာပြောလိုက်ရင်အာဏာကမောင့်ကိုရန်ရှာလိမ့်မယ် အာဏာအ​ကြောင်းငါပဲသိတယ်  မောင်ထိခိုက်မယ်"

~အသက်နှင့်ရင်း၍~Where stories live. Discover now