~အသက်နှင့်ရင်း၍~
အပိုင်း(၇)
လအနည်းငယ်ကြာသွားတဲ့အထိရှေးဘာသတင်းမှတော့မကြားရတော့ပေ မောင်နှင့်လည်းအရင်ကထက်ဆက်ဆံရေးတွေတိတ်ဆိတ်ကုန်သည် အရင်ကတောင်ခေါ်ခေါ်ပြောပြောရှိသေးသည် ခုဆိုထမင်းစားချိန်တောင်တစ်ခါတစ်လေမဆုံမိတဲ့အထိ
ရှေးလည်းအလုပ်နားတဲ့ရက်မို့ခြံထဲကသူမစိုက်ထားတဲ့စံပယ်ပင်တွေကိုတစ်နေ ကုန်အချိန် ပေးရေဖျန်း၊ပေါင်းသင်ပေးပြီး ညနေ မိုးချုပ်မှသာတစ်ခြံလုံးသိမ်းဆည်း ပြီးသွားတာမို့အိမ်ထဲဝင်လာတုန်းနောက်ပါးဆီကနေကားသံကြားလိုက်ရသည်မို့ကြည့်နေတော့ မောင့်ကားပင်
စက်လည်း ကားရပ်လိုက်တာနဲ့အပြေးလေးဆင်းလိုက်ပြီး
"ငွေ့ရည် လာ အိမ်ထဲဝင်ရအောင်"
"ဟုတ်ကိုကို..."
ရှေးကြည့်နေတုန်းဟင် ငွေ့ရည်ကအထုပ်တွေနဲ့ပါလား
စက် လည်းငွေ့ရည်ကိုခေါ်ကာအထုပ်တွေသယ်ပြီးအိမ်ထဲ ဝင်လာခိုက်ဟိုမိန်းမကိုတွေ့လိုက်ရလေသည်
"သူက ဘယ်လိုလုပ်ပြီးအိမ်ပေါ်ကိုရောက်လာရတာလဲမောင်"
"ကျုပ်ချစ်သူကိုကျုပ်အိမ်ခေါ်လာတာ ခင်ဗျားစောက်ကြောင်းပါလား ဟမ်း!!"
"မောင်..."
ငွေ့ရည်လည်းရှေ့ကကိုကိုမိန်းမကိုမဲ့ပြီးကြည့်ကာ
"အိမ်ကအေမထက်တောင်အရွယ်ကျမှေတာ့အဟင့် အေးပေါ့လေ အဲ့လိုအရွယ်ရောက်နေတော့ယူမဲ့လူမရှိတော့လည်း ရုပ်ချောဥစ္စာပေါပြီးချစ်သူရှိတာသိတာတောင်မရှောင်ပဲလက်ထပ်လိုက်တာကိုး"
"မောင့်ကိုဥစ္စာပေါလို့ယူတယ်လို့ပြောရအောင်ငါကဆင်းရဲမွဲတေနေတဲ့သူမဟုတ်ဘူး မင်းကငါ့အိမ်ပေါ်ကိုတက်လာပြီးငါ့ကိုလာစော်ကားနေတာလားဟမ်း"
"ထင်ချင်သလိုထင်အဘွားကြီး"
"ခင်ဗျား ကျုပ်ချစ်သူနဲ့ကျုပ်အိပ်ဖို့ အိပ်ယာသွားပြင်ပေးထား ကျုပ်တို့နားတော့မယ်"
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...