~အသက်နှင့်ရင်း၍~
အပိုင်း(၂၆)
"Happy Birthday ပါဒေါက်တာသက်မှူးအိမ်"
"ကျေးဇူးပါဒေါက်တာမင်းရက်စက်"
ဒီနေ့ဒေါက်တာသက်မှူးအိမ်ရဲ့မွေးနေ့ဖြစ်တာကြောင့်ဆေးရုံရှိဒေါက်တာများ၊nurseများအကုန် မွေးနေ့ကျင်းပရာသူမအိမ်သို့ရောက်နေသည်
စက်လည်းမွေးနေ့လက်ဆောင်ပေးပြီးတာနဲ့ခုံအလွတ်၌ဝင်ထိုင်နေသည် ထို့နောက်အသီးသီးလက်ဆောင်တွေပေးကာ သောက်စားပျော်ပါးနေကြသည် လူတွေအကုန်စုံနေပေမဲ့ ရှေးတစ်ယောက်ကိုတော့မတွေ့ရသေးပေ မလာပဲတော့မနေပါသူမသူငယ်ချင်းအရင်းကြီးမဟုတ်လား
သိမ့်လေပြေနွေးလည်း မသက်အနားသွားကာ
"မသက် ဆေးရုံအုပ်ကြီးခုထိမလာသေးဘူးနော်"
"အင်းဟုတ်တယ်လူစုံနေပြီ ကိတ်ခွဲဖို့အစ်မလည်းသူ့ကိုစောင့်နေတာ"
ထိုချိန်မိုးပြာရောင်နှစ်ထပ်တိုက်အိမ်ကြီးရှိရာကျယ်ဝန်းလှတဲ့ ခြံဝန်းထဲကို ဇိမ်ခံကားအနက်ရောင်ကြီးတစ်စီးဝင်ရောက်လာသည် Partyကျင်းပရာနေရာနား၌ကားထိုးရပ်လိုက်သည်
"ကျွီ......ယေးအဲ့တာဆေးရုံအုပ်ကြီးတို့အတွဲလေ"
နားထဲဖြတ်ဝင်လာတဲ့အသံတွေကစက် အသည်းကိုစူးဝင်နေတဲ့ဆူးတစ်ချောင်းလိုပင်
ခေါင်ဇိုင်းလည်းကားပေါ်ကအပြေးလေးဆင်းလိုက်ကာ ရှေးကိုတံခါးလေးဖွင့်ပေးပြီးကိုယ်လေးကိုင်းကာလက်ကိုရှေ့သို့ဆန့်လိုက်သည်
"ကြွမြန်းလို့ရပါပြီသခင်မလေးခင်ဗျာ....."
"ခေါင်ဇိုင်းကတော့လေ..."
ရှေးလည်းခေါင်ဇိုင်းလက်ကိုကိုင်လိုက်ကာသူမဘေးနားကလက်ကိုင်အိတ်ကိုဆွဲယူကာကားပေါ်ကနေဆင်းလာခဲ့သည်
စက်အပါအဝင်ပွဲထဲကလူတွေလည်းရှေးကြောင့်ပါးစပ်အဟောင်းသားပင် ဆိုသူမဝတ်လာတာကပေါင်လယ်သာသာရှိတဲ့ကိုယ်ကျပ်ဂါဝန်ကိုရင်ဘတ်အဟိုက်နဲ့ ထဘီဝတ်နေကြသူမကခုလိုဝတ်ပြန်တော့လည်းအရိုင်းဆန်စွာလှပနေသည်
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...