🐦16🐦ညဥ့်နက်ချိန်၌ မြေခွေးအမဲလိုက်ခြင်း

142 24 4
                                    

Chapter (16)
ညဥ့်နက်ချိန်၌ မြေခွေးအမဲလိုက်ခြင်း

ထိုအချိန်တွင် အားထိုက်နှင့် ချိုးယုံစစ်တို့သည် ဖျင်ကန်းလီထဲမှ လွတ်မြောက်သွားသော အခြားအမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် ပြေးလိုက်သွားတော့သည်။ ၎င်းတို့ အသီးသီးသည် အရှေ့ဈေး အတွင်း၌ပင် မြေခွေးကောင်အဖြစ် ပြောင်းလဲသွားကြသည်။ တစ်ကောင်က ဈေးနှင့် တခြားတစ်ယောက်က ခေါင်မိုးပေါ်သို့ တက်ကာ တောင်ဘက်သို့ ပြေးသွားပြီး အမှောင်ညထဲသို့ မြှားပစ်ခွင်းလိုက်သလို တခဏချင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

အားထိုက်နှင့် ချိုးယုံစစ်တို့သည်လည်း ရုတ်တရက် လမ်းကြားထဲမှ ထွက်လာစဥ် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က သူတို့နောက်မှ လိုက်လာကာ သူတို့ ဘာမှပြန်မပြောမီ လီကျင်လုံက အမိန့်ပေးလေသည်။

"မင်းတို့ထိပ်က တစ်ကောင်ကို လိုက်လိုက်... ငါတို့ အောက်က တစ်ကောင်ကို လိုက်မယ်! မြန်မြန်!"

သို့နှင့် အားထိုက်တို့ နှစ်ယောက်သည် အိမ်ခေါင်မိုးပေါ်တက်ပြီး ပြေးထွက်သွားကြသည်။ လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့သည် ညဘက်တွင် ပိတ်ထားသော အရှေ့ဈေး၏ အနက်ရှိုင်းဆုံးနေရာသို့ ပြေးလာခဲ့ကြသည်။

ယီရှစ်လန်ထဲတွင် ငါးကြင်းနတ်ဆိုးတစ်ကောင် ပြေးဝင်လာ၏။ လူတိုင်း တုန်လှုပ်နေကြဆဲ အချိန်၌ ဧည့်သည်တစ်ဦးက အော်ပြောလိုက်လေသည်။

“မြို့ကို ကင်းလှည့်ထွက်နေတဲ့ လုံဝူစစ်တပ်ကို မြန်မြန်ခေါ်လိုက်…”

ငါးကြင်းနတ်ဆိုးသည် လူအုပ်ကြားတွင် မြုပ်သွားကာ။

"တိမ်မှုန်လေးတွေ လွင့်လာပြီဝေ့!"

ထိုသို့ပြောပြီးနောက် အိတ်ကို ထုတ်ကာ ၀တ်မှုန်များ ပြန့်ကျဲသွားကာ ပတ်ဝန်းကျင်ရှိ လူအားလုံး ရုတ်တရက် အဆက်မပြတ် နှာချေလိုက်ကြ​တော့​သည်။

"ဟား ဟက်ချိုး!"

"အားလုံး ဟက်ချိုး!"

ငါးကြင်းနတ်ဆိုးသည် ခန်းမအလယ်ရှိ စားပွဲပေါ်မှ ခုန်ဆင်းကာ ဝိညာဉ်ထွက်ပန်း၏ ဝတ်မှုန်များကို ဖြန်းချလိုက်သည်။

ထျန်းပေါင်ဖူယောင်းလု (mmtrans)Where stories live. Discover now