Chapter (28)
မကြာခဏ လူသတ်မှုယနေ့မွန်းလွဲပိုင်းတွင် တလီတရားရုံးရှိ အမတ်ကြီးဟွမ်ရုံက နတ်ဆိုးနှင်ဌာနသို့ လူကိုယ်တိုင် လာရောက်ခဲ့သည်။
"ခေါင်းဆောင်လီ!"
ဟွမ်ရုံသည် အထမ်းသမားများအား သေတ္တာ တစ်ပုံးကို သယ်ဆောင်လာစေကာ အရက်နာကျနေသော နတ်ဆိုးနှင်ဌာန ဝင်းသို့ ပို့လိုက်သည်။ လီကျင်လုံမှာ အရက်အရှိန်ကြောင့် ခေါင်းကိုက်နေဆဲ ဖြစ်ကာ ဧည့်သည်တွေကို တွေ့ဖို့ ထွက်လာရင်း သူ့မျက်ခုံးတွေကို နှိပ်နေသည်။
တော်ဝင် စာမေးပွဲအပြီးတွင် တလီတရားရုံးက လီကျင်လုံကို မျက်လုံးမှိတ်ပြီး တိုင်းပြည်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ကြောင်း စာလွှာထုတ်ခဲ့သည်။ ဟွမ်ရုံပင် ပြုံးပြီး စကားပြောတတ်လာ၏။
ဟွမ်ရုံ:"မနိုးသေးဘူးလား..ဒါက မာန်မာနကြီးလွန်းတယ်.. မင်းတို့က နတ်ဆိုးတွေ ဖမ်းဖို့ ညဘက် အပြင်ထွက်နေကြတာလား?"
"ကျေးဇူးပြုပြီး အထဲကို ဝင်ပါ..."
လီကျင်လုံမှာ ဟုန်ကျွင့်ကို အိပ်ဆောင်ပြန်ရောက်လာရန် သုံးနာရီလောက် အချိန်ယူခဲ့ရသည်။ ဟုန်ကျွင့်မှာ လဲကျလုနီးပါးဖြစ်ကာ မျက်လုံးကို မဖွင့်နိုင်လောက်အောင်ပင် အခြေအနေ ဆိုးရွားနေခဲ့သည်။
"ကျင်လုံက လွတ်လပ်မှုကို ရရှိခဲ့တာပဲ အဝတ်အစားလဲပြီး..ပြန်အိပ်တော့!"
ဟွမ်ရုံက ကမန်းကတန်း ပြောသည်။
"ဒါက တလီတရားရုံးကနေ မင်းလက်ထဲကို အပ်ထားတဲ့ အမှုကိစ္စတွေ"
လီကျင်လုံ ချက်ချင်း လန့်နိုးလာ၏။ သေတ္တာဘက်ကို ကြည့်လိုက်ချိန်အထိ ကောင်းကောင်းကြီး အသိမဝင်သေးပေ။
"မင်းမှာ ပြဿနာတစ်ခုခု ရှိရင် လန်ဟောက်ကို ပြောလိုက်ပါ"
လန်ဟောက်ကလည်း သူ့ကို သတိပေးနိုင်ကြောင်း မြန်မြန်ပြောပြီး သူနဲ့ ဟွမ်ရုံလည်း ထွက်ပြေးသွား၏။ လီကျင်လုံခမျာ ထိတ်လန့်စွာဖြင့် အမှုတွဲနှစ်ရာကျော် ပါဝင်သော သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.