🐦45🐦အနောက်မြောက်ကင်းထောက်

82 12 2
                                    

Chapter (45)
အနောက်မြောက်ကင်းထောက်

ရက်အနည်းငယ် အကြာတွင်။

လီကျင်လုံသည် ဟုန်ကျွင့်ကို တင်ဆောင်လျက် အနောက်မြောက်ဘက်သို့ ထွက်ခွာလာခဲ့သည်။ ကျားယွိယွမ်ကို ဖြတ်သွား​ပြီးသောအခါ လမ်းတစ်လျှောက် အနောက်မြောက်မြေက အလွန်လူဆိတ်ညံနေတာကို တွေ့လိုက်ရသည်။ တရားဝင်လမ်းသည် ခရိုင်တစ်ခုမှ တစ်နေရာသို့ အကြိမ်ပေါင်းများစွာ ကျဆင်းထားသော ဆီးနှင်းများက ဖုံးလွှမ်းနေသဖြင့် တစ်ရက်အတွင်း ယာဉ်တန်းအနည်းငယ်ကိုသာ တွေ့ရသည်။

ရံဖန်ရံခါ သွားလာနေကြသော လယ်သမားများနှင့် တစ်ခါတရံ တောင်ထိပ်တွင် မြင်းနှစ်ကောင် ပြေးလွှားနေတာကို တွေ့ရလေ၏။ သို့သော် ခရိုင်ရုံးကို ရောက်ပြီးနောက် မြို့သည် အလွန်တက်ကြွပြီး ဆောင်းရာသီကို ​အန်တုနေကြသည်။

ရာသီဥတုက ပိုအေးလာတဲ့အခါ ဟုန်ကျွင့် သူ့မြင်းကို လုံးဝ မစီးချင်တော့တာက တစ်ကြောင်း ပင်ပန်းတာက တစ်ကြောင်းဖြင့် အကြောင်းပြသည်။ သူ့ခြေထောက်ကြားကို မြင်းကုန်းနှီးနဲ့ ပွတ်သပ်နေတာကြောင့် နာကျင်လွန်းနေပြီ။

"မင်းမြင်းကို စီးတုန်းပဲလား"

လီကျင်လုံ ဟုန်ကျွင့်ကို ကြည့်ရင်း ဒေါသတွေ ထွက်လာသည်။

ဟုန်ကျွင့်: "တစ်ယောက်တည်းစီးရတာ ပျင်းဖို့ကောင်းတယ်လေ!"

"ငါအိပ်နေတဲ့ အချိန်မှာ ငါ့မျက်နှာပေါ်မှာ လိပ်ပုံတွေဆွဲတာကို ရပ်လိုက်.... ကြားလား?"

ဟုန်ကျွင့် ရယ်နေသေးသည်။ သို့နှင့် လီကျင်လုံလည်း သူ့ကို အနောက်မှာတင်ကာ သယ်သွားရုံသာ တတ်နိုင်ပေတော့၏။ လမ်းတစ်လျှောက် အမြန်ပြေးပြီးတော့ နောက်ဆုံးတွင် တည်းခိုခန်းသို့ ရောက်လာခဲ့သည်။

"ဒီညပြီးရင် မနက်ဖြန် တောထဲမှာ အိပ်ရမှာ... နောက်နေ့ကျရင်တော့ ကျစ်ဝေကို ရောက်​လောက်မှာပါ"

လီကျင်လုံက ဆိုပါသည်။

ဟုန်ကျွင့်: "ခေါင်းဆောင်... ကျွန်တော့်ခြေထောက်က နည်းနည်းနာ​နေတယ်... အရေပြားကလည်း ကွဲနေပြီ"

ထျန်းပေါင်ဖူယောင်းလု (mmtrans)Where stories live. Discover now