Chapter (47)
ရှေးဟန်မင်းဆက်၏အလောင်းစစ်သည်များဒါ လူသေလား...သေသွားတဲ့လူလား။
"လီကျင်လုံ!"
ဟုန်ကျွင့် လန့်သွားသည်။ သူ ထိုကဲ့သို့သော မိစ္ဆာမျိုးကို တစ်ခါမျှ မမြင်ဖူးသေးတာကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဆုတ်သွားသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သားအယောက် နှစ်ဆယ်နီးပါးက သူ့ကို ဝိုင်းလာခဲ့သည်။ ဟုန်ကျွင့်က ဓားပျံဖြင့် လမ်းပိတ်ဆို့နေသော စစ်သားကို စစ်သားကို နှစ်ပိုင်းခွဲ ဖြတ်လိုက်သော်လည်း ၎င်းက မြေပြင်ပေါ်တွင် လက်နှစ်ဘက်ဖြင့် သူ့ဆီသို့ တွားသွားလာသေး၏။
အနက်ရောင် အရိပ်များသည် မဟာတံတိုင်းကြီးကို ဖြတ်ကျော်ကာ မြင့်သော နေရာမှ ခုန်ဆင်းလာကြသည်။ တောနက်ထဲတွင် လူသေ စစ်သားများသည် ဟုန်ကျွင့်ဆီသို့ အပြေးအလွှား ပြေးလာကြသည်။ ဟုန်ကျွင့်လည်း အလင်းငါးရောင်ကို ကိုင်ဆောင်ကာ ဓားပျံများဖြင့် ခုတ်ထစ်ကာ စစ်သားများ၏ အလောင်းများကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။
နတ်အလင်းငါးရောင်ကို တွန်းထုတ်လိုက်ပြီး အသေခံတပ်သား တစ်စုကို တွန်းထုတ်လိုက်ရာ ချက်ချင်းတွင် ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာကာ သေနေသော စစ်သားတစ်ဦးက သူ့အနောက်မှ ပြေးလာ၍ သူ့အား ချိတ်ဆွဲထားလိုက်သည်။
ဟုန်ကျွင့် ကူကယ်ရာမဲ့သွားသည်။
"ထွက်သွား!"
သူသည် သာမာန်မိစ္ဆာများကို လုံးဝ မကြောက်သော်လည်း ဤနေရာက လူသေများ၏ အသွင်အပြင်မှာ ထူးဆန်းလွန်းသည်။ အမည်မသိသော အကြောင်းတစ်ခုခုကြောင့် အရေအတွက် သိသိသာသာ တိုးလာသည်။ အရေးကြီးဆုံးမှာ ၎င်းတို့ကို လုံးဝ မသတ်နိုင်ခြင်းပါပဲ။
ဟုန်ကျွင့် လူသေကို သူ့ပုခုံးပေါ်က ဆွဲချလိုက်ချိန်၌ နောက်ထပ် သေသွားတဲ့ စစ်သားတွေက ရှေ့ကို ထပ်ပြေးလာလေရာ သူ့ခမျာ ၎င်းတို့ကြားထဲ နစ်မြုပ်သွားပါတော့သည်။
... မဟာတံတိုင်းကြီးအောက်မှ အဖြူရောင် အလင်းတန်းလေးဖြင့် ပစ်လွှတ်လိုက်သော မြားတစ်စင်းသည် ခြေလှမ်းငါးဆယ်နီးပါးကို ဖြတ်ပျံလာသည်။ ၎င်းက စမ်းချောင်းကိုလည်း ဖြတ်၍ လေချွန်သံပေးကာ ဝုန်းကနဲ အသံနှင့်အတူ လူသေစစ်သည်ကြီး လဲကျသွားသည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.