Chapter (23)
ကြိုးထုံးမြက်"ခေါင်းဆောင် ပြောတာ မှန်တယ် ဒါက တကယ့်ကို ကြီးမားတဲ့ ပြဿနာပဲ"
ချိုးယုံစစ်က ပြောပြီး နတ်ဆိုးနှင်ဌာနထဲကို ဝင်သွားခဲ့သည်။ လူနှစ်ယောက် ပြန်ရောက်လာတာကို တွေ့တော့ အားလုံးလည်း ငြိမ်သက်သွားကြသည်။ လီကျင်လုံ တံခါးကိုပိတ်ပြီး ဟင်းလင်းပြင်တွင် ထိုင်နေကြသည့် လူတိုင်းဘက် ပြန်လှည့်လာ၏။ ချိုးယုံစစ်က ပြုံးပြီး အရင် ထပြောလိုက်သည်။
"ဟုန်ကျွင့်က မိစ္ဆာတစ်ကောင်ကို ဆွဲဆောင်ထားပြီ!"
လူတိုင်း စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
"မဟုတ်ဘူး.... အဲဒါကို ထည့်မတွက်ဘူး"
ဟုန်ကျွင့် ပြောပြီး သူနှင့် ချိုးယုံစစ်တို့၏ ကောက်ချက်ချမှုကို အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။
"ကျောင်းတော်မှာ နတ်ဆိုး ဘယ်နှစ်ကောင်ရှိလဲ"
လီကျင်လုံ မေးတော့ ချိုးယုံစစ်က ပြန်ဖြေသည်။
"ရှင်းရှင်းလင်းလင်း မသိရသေးဘူး ငါတို့ ဆက်စုံစမ်းဖို့ လိုသေးတယ် အကြမ်းဖျင်း ခန့်မှန်းချက်က တစ်ရာထက်တော့ မနည်းနိုင်ဘူး”
လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး ပြန်ဖြေလိုက်သည်။
"တုန်လှုပ်စရာ ကောင်းတဲ့ကိစ္စ"
အားထိုက်: "ဖျင်ကန်းလီမှာရှိတဲ့ ပြည့်တန်ဆာတွေ အားလုံးကို စစ်ဆေးပြီးပြီ မိစ္ဆာတွေ မရှိတော့ပါဘူး အဲဒီမြေခွေး မိစ္ဆာသုံးကောင်က လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရောက်လာခဲ့တာ"
ဟုန်ကျွင့် ကောင်းကင်ကို ကျေးဇူးတင်ကြောင်း ပြောနေစဥ် လီကျင်လုံက စကားဝင်ဆက်လိုက်သည်။
"ဒါဆို လုပ်ငန်းစဉ်က သိသာထင်ရှားနေပြီ အခု ငါတို့လုပ်ရမယ့် အရာက..."
ဟုန်ကျွင့် ကပျာကယာနဲ့ "ခဏနေဦး အသေးစိတ် ပြောရအောင် မင်းအတွက်က သိသာပေမယ့် ငါ့အတွက်ကတော့ သိပ်မရှင်းဘူးလေ"
ဤလူအုပ်စုသည် ၎င်းတို့စိတ်ထဲက အရာများကို တွက်ဆတိုင်း "သိသာထင်ရှားသော" စွမ်းအားကို အမြဲအသုံးပြုသည်။ လီကျင်လုံမှာ သူ့ကို အထူးဂရုစိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိသလို ဖြစ်သွား၏။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.