Chapter (1)
ယောင်ကျင်း သူတော်စင်သုံးပါးရေခဲတွေ ပိတ်ဆို့ထားတဲ့ မြစ်ဝါမြစ်ကို ဖြတ်ကူးချင်ရင် ထိုက်ဟန်ရဲ့ နှင်းဖုံးတောင်တန်းတွေကို တက်ရမည်။
ကောင်းကင်ကြီးသည် မျက်စိတစ်စုံး မမြင်နိုင်သလောက် ကျယ်ဝန်းပြီး ထိုက်ဟန် တောင်ထိပ်များသည် တစ်နှစ်ပတ်လုံး နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ယံက တိမ်တိုက်များနှင့် ရောယှက်နေသည်။ ဤနေရာသည် သာမာန်ငှက်များ လက်လှမ်းမမီသော နေရာဖြစ်ပြီး ကောင်းကင်ပြာပေါ်တွင် အဖြူရောင်သိမ်းငှက် အနည်းငယ်မျှသာ ပျံဝဲနေသည်။
လေပြင်းများက တိုက်ခတ်လျက် ရှိကာ အပြာရောင်ကောင်းကင် အောက်တွင် အနက်ရောင် အစက်အပြောက်လေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ငှက်ကြီးတစ်ကောင်သည် ခြေသည်းများကို ကုပ်ကာ တိမ်တိုက်များကို ဖြတ်ကျော်ကာ အတောင်ပံများကို ဖြန့်၍ ဝင်လာခဲ့သည်။
နေဝင်ရီတရော အချိန်တွင် ၎င်း၏ အတောင်ပံများသည် ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေကာ တိမ်များ ဖုံးလွှမ်းနေသော တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။ တိမ်များနှင့် မြူခိုးများကို ဖြတ်ကျော်ပြီးနောက် တောင်တန်းများ ဝန်းရံထားသော အလယ်တွင် လှပသော နန်းတော် အဆောက်အအုံကြီး ပေါ်လာ၏။ ညနေစောင်း အချိန်ကြောင့် နန်းတော်၏ အပြင်ဘက် နံရံများဟာ အနီရောင် မီးတောက်များဖြင့် ခြယ်သထားသလို ဖြစ်နေသည်။
နန်းတော်ထဲတွင် တစ်နှစ်ပတ်လုံး ကျဆင်းနေသော ဆီးနှင်းများ မရှိတော့ဘဲ စိမ်းလန်းသော သဖန်းပင်များ အပြည့်နှင့် တောက်ပသော နေရောင်အောက်တွင် ညနေခင်း လေတိုက်သောအခါ သဖန်းပင်များ၏ အရွက်များသည် တောင်တစ်ပြင်လုံး ကြွေကျနေသည်။ နေဝင်ချိန်၏ အလင်းရောင်နှင့် အရိပ်သည် ဤနန်းတော်ဆီသို့ ဆွဲခေါ်သွားသလိုပင်။
ကြီးမားသော ငှက်ကြီးသည် ပင်မခန်းမအပြင်ဘက်ရှိ လမ်းမပေါ်၌ ဆင်းသက်လိုက်သည်။ ၎င်း၏ ရှည်လျားသော အော်ဟစ်သံနှင့်အတူ အတောင်များကို လှုပ်ခါသွားကာ ၎င်း၏တစ်ကိုယ်လုံးရှိ ရွှေအမွေးများ ရုတ်တရက် လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခု အဖြစ်သို့ စုစည်းလာခဲ့သည်။ ကောင်းကင်၌ အမွေးအတောင်များ ပြန့်ကျဲသွားပြီးနောက် အရပ်ရှည်ရှည် လူငယ်တစ်ဦး ပေါ်ထွက်လာ၏။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficción históricajust fan translate. This is not my own story.