Chapter (35)
ဓားပျံက တစ်စင်းအဖြစ် ပေါင်းစပ်နေဝင်ရီတရော အချိန်ဖြစ်သည်။ နေရာတိုင်း၌ ရှန်ဝူစစ်တပ်က စစ်သည်များ အသိစိတ် ပြန်ဝင်လာကာ လီလုန်ကျီးကို ကာကွယ်၍ မြေခွေးမိစ္ဆာကို နှိမ်နင်းဖို့ အလိုရှိလာကြသည်။
"အရှင်မင်းမြတ်!" လီကျင်လုံ လှည့်ပြီး အော်လိုက်သည်။
"ထွက်မလာပါနဲ့ မြန်မြန်ပြန်သွား!"
"ငါကိုယ်တော်ကို ဂရုမစိုက်နဲ့!"
လီလုန်ကျီးက ဧကရာဇ်ဓားကို ကိုင်ဆောင်ကာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက ရှေ့သို့ ပြေးလာသော စစ်သည်များနှင့်အတူ တိုက်ခိုက်ကာ စင်္ကြံအတွင်းမှ အသိစိတ်ပျောက်နေသော သူ့စစ်သားများကို ဖယ်ထုတ်ပစ်ခဲ့သည်။
သူ့ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။ ဧကရာဇ်မင်း သေဆုံးပြီးသည်နှင့် ထန်မင်းဆက် တစ်ခုလုံး ကမောက်ကမ ဖြစ်ကာ မိစ္ဆာတွေရဲ့ အကြံအစည်ကို ပြီးမြောက်စေမိလိမ့်မည်။ လက်ရှိအချိန်၌ လီကျင်လုံ၏ တစ်ခုတည်းသော အတွေးမှာ တက်လာပြီး တိုက်ခိုက်လိုသော ဘယ်နတ်မဆို လာရောက်ကူညီပေးဖို့ပါပဲ။
"မင်္ဂလာပါ ဟိုင်းမြန်ဟော်ပီ- ချစ်လှစွာသော စစ်သည်တို့!"
ရုတ်တရက် လေပွေတစ်ခုသည် မြေပြင်မှ ရုန်းထလာကာ ဟွားချင်နန်းတော်ရှိ စဉ့်ကြွပ်ပြားများကို လူးလှိမ့်သိမ်းကျုံးယူသွားသည်။ မြေကြီး ကွဲအက်သွားသည့် ပုံစံဖြင့် လေပွေက နန်းတော်ရှေ့ရှိ ရင်ပြင်ကို ချက်ချင်း ရှင်းထုတ်ပစ်လိုက်သည်။
"အားထိုက်!" အားလုံးက တညီတညွတ်တည်း ကြွေးကြော်ကြသည်။
"အခုမှပဲ လာတော့တယ်!"
လီကျင်လုံက ဟောက်လိုက်သည်။
အားထိုက် တံခါးကို ဘယ်ဘက်နှင့် ညာဘက်သို့ တွန်းဖွင့်လိုက်ရာ လေပြင်းသည် အုတ်ခဲများ၊ နှင်းများနှင့်အတူ ရောကာ နေရာတိုင်းသို့ လွင့်စင်သွားလေ၏။ ကျယ်လောင်သော အသံများ ထွက်ပေါ်လာကာ မုန်တိုင်းကြီးသည် ဟွားချင်နန်းတော်ထဲသို့ တိုးဝင်လာတော့သည်။ ထို့နောက် မော့ရစ်ကန်းက အော်လိုက်သည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.