Chapter (51)
အနက်ရောင် သံချပ်ကာ ခြင်္သေ့ဦးထုပ်အိမ်နောက်ဖေးမှာ ဟုန်ကျွင့်က ကတ်ကြေးနဲ့ ရောက်လာပေမယ့် လုရွှီက ထပ်ပြီး အော်ငေါက်နေကော ဟုန်ကျွင့် မော့ရစ်ကန်းကို မထိနိုင်အောင် ပွေ့ဖက်ထားလိုက်ပါ၏။
"သူ့ကို ပတ်တီးမစည်းပေးခင် ငါ သူ့ဒဏ်ရာကို အရင် သန့်ရှင်းရမယ်"
ဟုန်ကျွင့်လည်း လုရွှီက သာမန်လူတစ်ယောက်လို မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားပြီး စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ဒါက ဆေးဖက်ဝင်ပစ္စည်းပါ"
လုရွှီက သံသယတွေအပြည့်နဲ့ ကြည့်နေသည်။ ဟုန်ကျွင့်လည်း တစ်ဖက်လူ ခဏတုံ့ဆိုင်းနေတဲ့ အချိန် သွေးရောင် ဆေးလုံးလေးကို ပြပြီး ဆေးတစ်လုံးပေးလိုက်သည်။
“ဒါကျွေးလိုက်... ဒီဆေးက ဒဏ်ရာတွေကို ကုသဖို့ အထူးဖော်စပ်ထားတာ နှလုံးကိုလည်း ကာကွယ်ပေးပါတယ်... မကြာခင် အဆင်ပြေသွားမှာ”
ငါးကြင်းနတ်ဆိုး: "ဟုန်ကျွင့်... အရမ်းမကျွေးနဲ့ ဒါက ဒုတိယအလုံး"
ဒီအဂ္ဂိရတ်ဆေးက ဖီးနစ်သဲဖြူဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။ ဖီးနစ်သဲဖြူဟာ ထူးဆန်းတဲ့ ဆေးဖက်ဝင် ပစ္စည်း ၇၂ မျိုး ရှိပြီး နှလုံးကို ကာကွယ်ပေးသလို ဒဏ်ရာတွေကိုလည်း သက်သာစေနိုင်ပါ၏။ လုရွှီမှာ မျက်မှောင်ကြုတ်ပြီး အဂ္ဂိရတ်ဆေးအနံ့ကို ရှူနေသော်လည်း သူ့မျက်လုံးတွေက သံသယတွေ ပြည့်နှက်နေပြီး ဟုန်ကျွင့်ကို ကြည့်ပြီး ဒါက ဘာဆေးအမျိုးအစားလဲလို့ မေးချင်နေသလိုပင်။
"သူ့အဖေရဲ့...."
ငါးကြင်းနတ်ဆိုးက ထပ်ခါထပ်ခါ အသံထွက်လာသည်။
ဟုန်ကျွင့်: "ကျောက် ကျစ် လုံ! သေချင်နေတာလား"
ငါးကြင်းနတ်ဆိုး - "မဟုတ်လို့လား ဖီးနစ်ဖြူကလည်း အမိုက်စားပဲလေ"
လုရွှီ: "..."
ထိုစဥ် မော့ရစ်ကန်းက ညည်းတွားလာလေ၏။ လုရွှီက ငါးကြင်းနတ်ဆိုးကို ကြည့်ပြီး ဟုန်ကျွင့်ကိုလည်း လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက အဂ္ဂိရတ်ဆေးကို အပိုင်းပိုင်းခွဲကာ မော့ရစ်ကန်း၏ပါးစပ်ထဲသို့ ကျွေးပြီးနောက် ရေတိုက်ကျွေးသည်။ ဟုန်ကျွင့်က ကတ်ကြေးယူကာ မော့ရစ်ကန်းရဲ့အဝတ်တွေကို ဖြတ်နေသည်။ ထိုစဉ် ငါးကြင်းနတ်ဆိုးက ဆိုလာ၏။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficción históricajust fan translate. This is not my own story.