🐦7🐦ဟိုင်းမြန်းဟော်ပီး

158 23 0
                                    

Chapter (7)
ဟိုင်းမြန်းဟော်ပီး

လမ်းသွယ်ထဲမှာ​​တော့ ညဘက်မှာ ခွေးဟောင်သံတွေ ရံဖန်ရံခါ ထွက်လာတာကလွဲလို့ တိတ်ဆိတ်နေလေသည်။ မီးအိမ် အနည်းငယ်သာရှိရာ ငါးကြင်းနတ်ဆိုးက သူ စောစောလာဖို့ သတိပေးတာကို နားမထောင်ဘူးဟု ဆိုကာ အပြစ်တင်ပြန်သည်။ အခုတော့ အားလုံး ဂွမ်းပြန်ပြီ။ မီးတွေက မှောင်မည်းနေပြီမလို့ ကမ္ပည်းပြားတွေတောင် ပျောက်နေပြီ ဖြစ်ရာ နတ်ဆိုးနှိမ်နင်းဌာနကို ​​ဘယ်မှာ သွားရှာရမလဲ မသိတော့ချေ။

ဟုန်ကျွင့် ခဏရပ်လိုက်ပြီး လှည့်ပတ်ကြည့်နေစဥ် မြို့တွင်း၌ ဗုံတီးသံများ ရပ်တန့်သွားလေသည်။ သို့နှင့် လျှာကိုက်ကာ တံခါးကို သွားခေါက်​ကြည့်လိုက်သည်။ ဘယ်သူမှ မတုံ့ပြန်ပေ။ အိမ်ပေါင်းများစွာကို ခေါက်ပြီးနောက် နောက်ဆုံးတွင် ဟုန်ကျွင့်၏ မျက်နှာတွင် မီးခွက်ကို ဝှေ့ယမ်းနေသော အသံတိတ် အဘိုးအိုတစ်ဦးနဲ့ပဲ တွေ့ရရာ ညည်းညူရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ဘဲ လှည့်ထွက်လာခဲ့ရသည်။

လမ်းကြားထဲတွင် စွန့်ပစ်ထားသော အိမ်တစ်လုံး ရှိ၏။ အချိန်အတော်ကြာ ဘယ်သူမှ သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားခဲ့တာကြောင့် ပေါင်းပင်များဖြင့် ပြည့်နေလေသည်။ ဟုန်ကျွင့်လည်း ဖုန်များကို ဂရုမစိုက်ဘဲ မြေပြင်ပေါ်တွင် လှဲချကာ လှဲ​ပြီးပြီးချင်းမှာပဲ အိပ်ပျော်သွားခဲ့သည်။

ထိုညတွင် တိမ်ညိုတိမ်မည်းများက လရောင်ကို ဖုံးလွှမ်းထားခဲ့​လေသည်။ ရှင်းချင့်နန်းတော်အတွင်း နက်ရှိုင်းသော လေပြင်းများ မှုတ်ထုတ်လိုက်ရာ ပိတ်ကျဲစ ကုလားကာများ တဖျပ်ဖျပ်ခတ်ကာ ဖယောင်းတိုင်မီးသည် လေတိုက်ရာအတိုင်း တဖျပ်ဖျပ် လွင့်ကုန်သည်။

အနက်ရောင် ၀တ်စုံကို တောက်တျယ်ပုံစံဖြင့် ဝတ်ဆင့်ထားသည့် မြင့်မြတ်သော အမျိုးသမီးတစ်ဦးသည် ခန်းမဆောင်ထဲရှိ ပင်မထိုင်ခုံတွင် ထိုင်နေ၏။ သူမဘေးရှိ အမျိုးသား သုံးဦးအနက်မှ တစ်ဦးမှာ သွေးစွန်းနေသည့် လက်တစ်ဆုပ်စာ ပျံဝဲနေသော အရာဝတ္ထုတစ်ခုကို အင်္ကျီအတွင်းမှ ဖုံးကွယ်လျက် ထုတ်ယူလိုက်လေသည်။

ထျန်းပေါင်ဖူယောင်းလု (mmtrans)Where stories live. Discover now