Chapter (12)
တရားဝင်အမှုကို ထမ်းဆောင်ခြင်းလီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် ခန်းမထဲတွင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်လျက် ထိုင်နေကြပြီး ဟုန်ကျွင့်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆိုလာသည်။
"မင်းရဲ့ နှလုံးသွေးကြောထဲမှာ! အရမ်းကောင်းတာပဲ နောက်ဆုံးတော့ ငါရှာတွေ့ပြီ!!"
ဟုန်ကျွင့်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က အစားအသောက်နှင့် နေထိုင်ရေး အကြောင်း ရိုးရိုးရှင်းရှင်းပင် မတွေးနိုင်ခဲ့ပေ။ သူ့နှလုံးမီးအိမ်အကြောင်းသာ နေ့တိုင်း တွေးနေခဲ့ပြီး ယခုတော့ ကြီးကြီးမားမား စိတ်ပူပင်မှုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
"ဘယ်လိုထုတ်ပြီး မင်းဆီပြန်ပေးရမှာလဲ"
လီကျင်လုံ မေးတော့ ဟုန်ကျွင့်လည်း ကူကယ်ရာမဲ့ သူ့လက်တွေကို ဖြန့်ပြီး။
"ငါ မင်းကိုယ်ထဲမှာ ခေတ္တ သိမ်းထားလိုက်မယ်"
လီကျင်လုံက စကားမပြောဘဲ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
ဟုန်ကျွင့်သည် ယောင်ကျင်း နန်းတော်ဆီ စာတစ်စောင် ရေးပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လိုပို့ရမလဲ။ ကျောက်ကျစ်လုံကို ပြန်သွားပြီး စာကို ပို့ပေးဖို့ တောင်းဆိုရမလား။ ဒါပေမဲ့ ဒီငါးကြင်းနတ်ဆိုးဟာ ပျင်းရိပြီး ခြေဖဝါးနာမှာကို အရမ်းကြောက်တဲ့အတွက် သွားမှာ မဟုတ်။ လမ်းလျှောက်ရတာလည်း ဝေး၊ တစ်ယောက်တည်း သွားရတာလည်း အန္တရာယ်ရှိလေသည်။ ချင်းရှူံက ယောင်ကျင်းနန်းတော်မှာ မရှိနေတော့မှာကိုလည်း စိုးရွံ့မိသည်။
တကယ်ကို ခက်ပါ၏။ ဟုန်ကျွင့် လီကျင်လုံကို မော့ကြည့်ရင်း တွေးနေခဲ့ရာ သူ့မှာ ပြောစရာတွေ ရှိလာသလို ခံစားလာရသည်။
"ဒီနှလုံးမီးအိမ်ကို ငါ့ထဲမှာ သိမ်းဆည်းထားရင်... ငါ့မှာ အပြောင်းအလဲတွေ ရှိလာမှာလား"
"ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"
ဟုန်ကျွင့် ဆောလျင်စွာ ရှင်းပြသည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficción históricajust fan translate. This is not my own story.