Chapter (55)
တစ်ချက်လောက်ဟုန်ကျွင့် နည်းနည်း နားလည်သွားသည်။ လီကျင်လုံက ဆက်ရှင်းပြ၏။
"မဟာတံတိုင်း အပြင်ဘက်က မြို့တွေကို လုယက်တာပဲဖြစ်ဖြစ် အခု လန်ကျိုးကို တိုက်ခိုက်တာပဲဖြစ်ဖြစ် အားလုံးက လူတွေကို သတ်ပြီး တပ်ဖွဲ့ဝင် အရေအတွက် တိုးလာအောင် လုပ်နေတာပဲ... ကျန်းဟောက် ဖြစ်သွားတဲ့ မူလအစကို မသိရသေးဘူး... ဒါပေမဲ့ အဆိပ်ရောဂါကို ဖြန့်တဲ့သူတစ်ယောက် အနေနဲ့ဆို ဒီမကောင်းဆိုးဝါးကလည်း တစ်ယောက်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်လာတာပဲ ဖြစ်ရမယ်... ပြီးတော့ မော့ရစ်ကန်း၊ စစ်သူကြီးဟောင်းနဲ့ မြို့မှာရှိတဲ့ စစ်သည်တွေ အားလုံးလည်း ဒီကောင်ကြောင့် ဖြစ်လာတာပဲ ဖြစ်မယ်!"
"ဘယ်သူက သွေးထိုးလှုံ့ဆော်တဲ့သူ ဖြစ်မလဲ" ဟုန်ကျွင့်က မေးသည်။
"ဒါဆို သိရဖို့ တစ်ခုတည်းသော နည်းလမ်းက သူ့ကို မေးဖို့ပဲ"
ဟုန်ကျွင့်လည်း ရေခဲတုံးထဲက လက်များကို ဦးစွာ ဖယ်ထုတ်လိုက်သည်။ အစောင့်များက ရှေ့သို့ တိုးလာကာ ၎င်းလက်တို့အား သံကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်ပြီး သူ့ခြေထောက်များကိုပါ ချည်နှောင်လိုက်သည်။ သံခြေချင်းချိတ်များနှင့် ဝက်သံသော့ခလောက်များကို ဝတ်ဆင်ပေးပြီးနောက် လီကျင်လုံမှာ နောက်တစ်ကြိမ် လွတ်မြောက်သွားမည်ကို ကြောက်နေသေးသဖြင့် ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်များတွင် ရေစိမ်ထားသော နွားကြိုးများဖြင့် ထပ်မံ ချည်နှောင်ထားလိုက်သည်။
နောက်ဆုံးမှာတော့ စစ်သည်တွေက သံကြိုးကို ရေခဲခေါင်းထဲမှ အလောင်းစစ်သည် ဘုရင်ဆီကနေ တဖြည်းဖြည်း ဆွဲယူသွားပြီးနောက် ကျောက်စာတိုင်နဲ့ တွဲ၍ ချည်နှောင်လိုက်၏။ ထိုစဥ် ရေခဲခေါင်းဟာ အပိုင်းပိုင်း ကွဲထွက်သွားကာ မြေတစ်ပြင်လုံးကို လှုပ်ခါသွားစေရာ တစ္ဆေဘုရင်ကြီးလည်း ရေခဲတွေကြားက လွတ်မြောက်လာခဲ့တော့သည်။
"လျိုဖေး?"
လီကျင်လုံသည် ရောင်နေတဲ့ သူ့ဘယ်ဘက်မျက်လုံးကို ရေခဲပုဝါကို အုပ်ရင်း ခေါ်လိုက်သည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.