Chapter (54)
သူခိုးကို ဖမ်းပြီးတော့ ဘုရင်ကိုဖမ်းကျန်းဟောက်လည်း သူ့အနောက်က ဆယ်လှမ်းလောက် လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ သာမန်အခြေအနေမှာ တစ်စုံတစ်ယောက်က ရုတ်တရက် တိုက်ခိုက်လာတဲ့အခါ မအော်ပေမယ့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူက အော်နေသေးသည်။ အော်ဖို့ မမေ့တဲ့အပြင် အရှိန်ကလည်း အရမ်းမြန်နေ၏။ "အား.. " ဆိုတဲ့ စကားလုံးလေး ထွက်ကျလာတဲ့အချိန် ပန်းအိုးတစ်လုံးက ကျန်းဟောက်ရဲ့ ခေါင်းနောက်ဘက်ကို ထိသွားလေပြီ။
သာမာန်လူများသည် "သေလိုက်စမ်း" ဟုဟောက်ပြီးနောက် ၎င်းတို့လက်ထဲတွင် လက်နက်များ ကိုင်ဆောင်လာကာ လျှပ်စီးလက်သွားသလို ဝင်လာပေလိမ့်မည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်မှ မိုးခြိမ်းသံများလို တိုက်ခိုက်သံများ ထွက်ပေါ်လာသော်လည်း လုရွှီရဲ့ လုပ်ရပ်က လျှပ်စီးဖျတ်ကနဲ လက်သွားသကဲ့သို့ပင်။ ခဏနေတော့ ပန်းအိုးက ကျန်းဟောက်ခေါင်းကို နှုတ်ဆက်လေပြီ။
ကျန်းဟောက် ရုတ်တရက် သတိမထားမိလိုက်သောအခါတွင် သူ၏ မှော်စွမ်းအားကို ထုတ်လွှတ်ရန် အာရုံစိုက်ချိန်ပင် မရလိုက်ဘဲ သူ့ခေါင်းကို ပန်းအိုးက ရိုက်ချပစ်လိုက်တာကြောင့် လူက လဲကျသွား၏။
"မင်း သေမင်းကို ရှာနေတာလား..."
ကျန်းဟောက် တစ်ကိုယ်လုံး ရွှံ့နွံလူသားလို ဖြစ်သွားသည်။ သူက အမည်မသိ မကောင်းဆိုးဝါးတစ်ကောင်၏ မူလပုံစံအတိုင်း တဆတ်ဆတ် တုန်ခါကာ တစ်ကိုယ်လုံးက ရွှံ့သံများ ထွက်လာသည့်အတိုင်း လုရွှီဘက်သို့ လှည့်လိုက်သည်။
လုရွှီ: "???"
လုရွှီအတွက်က ယခုလို မကောင်းဆိုးဝါးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဖြစ်သည်။ ကျန်းဟောက်၏ အဝတ်အစားများ စုတ်ပြဲသွားကာ သူ့အသားရောင်လည်း အညိုရောင် ပြောင်းသွားသည်။ ၎င်းက အစိမ်းရောင်လို အဝါရောင်လို အခိုးအငွေ့များစွာကို ထုတ်လွှတ်လိုက်တာကြောင့် စင်နောက်သို့ ပြေးဝင်သွားလိုက်သည်။ ရှေးဟောင်းပစ္စည်းတွေ ကြားကနေ လူတစ်ယောက်ရဲ့ နာမည်ကိုလည်း အော်ခေါ်နေ၏။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.