Chapter (50)
မြို့ကို ဖိသိပ်ထားသော တိမ်မည်းများ"လီကျင်လုံက ရှင့်ကို အပြင်မထွက်ဖို့ မှာခဲ့တယ်"
ချင်ရွှမ်က ခန်းမအပြင်ဘက်မှာ ကွာစေ့တွေကို စားရင်း ပြောလိုက်ပါ၏။ ဟုန်ကျွင့်က မျက်မှောင်ကြုတ်သွားသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူတို့ ဘယ်သွားကြတာလဲ ကျောက်ကျစ်လုံရော??"
ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို ဖမ်းပြီး စိုစွတ်စွာ ထုပ်ပိုးလိုက်တော့ ငါးကြင်းနတ်ဆိုးက လန့်ဖြတ်ကာ မေးလေသည်။
“မင်း ဘယ်သွားဦးမလို့လဲ”
ဟုန်ကျွင့် အိမ်နောက်ဖေးသို့ ရောက်တော့ မြင်းပေါ်တက်ကာ ပတ်ပတ်လည်ကို ကွက်လပ်ကြည့်နေသည်။ သူဘယ်ကို သွားရမလဲ မသိချေ။ ထိုစဥ် ချင်ရွှမ်က သူမ၏လေးနှင့်မြှားကို လွယ်ကာ သူမ၏သားမွေးအင်္ကျီကို ပြောင်းကာ ထွက်လာသည်။
"တောင်ဘက် ချင်လျန် တောင်ခြေ... ဝူရှန်းမြို့ကိုသွားတာ... စစ်သူကြီး အပါအဝင် ဒီနေ့ လူတော်တော်များများ သွားကြပြီ!"
"မင်း……"
"ကျွန်မအဖေက သူ့ဘဝ ဘယ်လိုပဲ ဖြစ်ဖြစ် အမြဲတမ်း ရှေ့ကိုပဲ ပြေးနေတတ်တယ်... ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်"
ဟုန်ကျွင့်လည်း ချင်ရွှမ်ကို သူနဲ့အတူ ခေါ်သွားဖို့ သဘောတူလိုက်သည်။ လန်ကျိုးမြို့ အပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြစဥ် ညဘက်တွင် စောင့်ဖမ်းဖို့ အမိန့်ရထားသော ကျန်းဟောက်၏ တပ်သားများနှင့် တည့်တည့်တိုးသွားလေသည်။
"မင်းတို့ အခုမှ မြို့ထဲက ထွက်မှာလား?"
ဟုန်ကျွင့်သည် ယခုအချိန်တွင် ချင်ရွှမ်ကိုပါ ပြဿနာမဖြစ်အောင် တိတ်တိတ်နေရန် အလျင်အမြန် အချက်ပြလိုက်သော်လည်း ချင်ရွှမ်သည် သူမအဖေ၏ လုံခြုံရေးအတွက် စိုးရိမ်နေသောကြောင့် ဖုံးကွယ်ပေးထားရမှာကို မေ့သွားခဲ့သည်။ ကျန်းဟောက်လည်း မြင်းပေါ်မှ ဟုန်ကျွင့်ကို မြင်သောအခါ တုန်လှုပ်သွားခဲ့သည်။
"အဲဒါ သူပဲ!...သူ့ကိုဖမ်း! မြန်မြန်သွား စစ်သူကြီးဟောင်းကို အကြောင်းကြားကြ!"
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.