Chapter (29)
မှုခင်းမြင်ကွင်းထိုလူမှာ သံချပ်ကာဝတ်ထားသော ချင်ဝူဖြစ်လေသည်။ ဟုန်ကျွင့် တစ်စုံတစ်ဦးကို ခေါ်ရန် ချက်ချင်း ပြေးသွားကာ ချင်ဝူသည် မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွား၏။ သူက ရင်တွေတုန်ကာ အိမ်ရှေ့ခန်းတွင် ထီးထီးမားမားကြီး ရပ်နေသော ဘုရင်ဖူတောက်မင် ရုပ်တုကို မော့ကြည့်လိုက်သည်။ ဘုရင်ဖူတောက်မင်သည် သူ၏ ဘုန်းအာနုဘော်ကို ပြသထားပြီး လက်နက်ခြောက်လက်ပါသော မှော်လက်နက်ကို ကိုင်ဆောင်ကာ လရောင်အောက်တွင် ချင်ဝူကို စိုက်ကြည့်နေသည်။
ခြေသံကြားတော့ ဟုန်ကျွင့်နဲ့အတူ လီကျင်လုံက အလျင်အမြန် ထွက်လာသည်။ လီကျင်လုံက ချင်ဝူကို တစ်ချက်ကြည့်လိုက်ပြီး ဆို၏။
"အပြင်က သွေးတွေကို ဆေးကြောပြီးသွားပြီလား?"
အားထိုက်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့လည်း နိုးလာကြသည်။ အားထိုက်သည် တံခါးအပြင်ဘက်သို့ ခေါင်းထွက်ကြည့်သည်။ သူ့လက်ထဲမှ လက်စွပ်သည် ရေခိုးရေငွေ့များ ထွက်လာကာ ရှည်လျားသော လမ်းမတစ်လျှောက် ရေသံများဖြင့် သန့်စင်လိုက်သည်။ ချင်ဝူရဲ့နောက်မှာတော့ သွေးတွေစွန်းထင်း ကျန်ခဲ့သည်။ ထို့နောက် အားထိုက်သည် လမ်းကြားမှ ထွက်ခွာပြီး သန့်ရှင်းရေးလုပ်ရန် လမ်းမကြီးသို့ ဆက်သွားခဲ့သည်။
"ရေယူပြီး သူ့တစ်ကိုယ်လုံးကို ဆေးကြောပေးလိုက်" လီကျင်လုံက ပြောသည်။
"ဟုန်ကျွင့် မင်း သွားပြီး စိတ်တည်ငြိမ်စေတဲ့ နံ့သာပေါင်းကို မြန်မြန်ပြင်လိုက်!"
ချင်ဝူ၏ ချပ်ဝတ်တန်ဆာများကို ဖယ်ရှားလိုက်ပြီး သူက ခြံဝင်းထဲတွင် လဲလျောင်းနေသည်။ သူ့နှုတ်ခမ်းများက တဆက်ဆက် တုန်ခါကာ သွေးနံ့များလည်း မွှန်ထူနေသည်။
မော့ရစ်ကန်း: "ငါလုပ်မယ်!"
တစ်ညက ဟုန်ကျွင့်ဆီက သူ နှင်ထုတ်ခဲ့သော အိပ်မက်ဆိုးကဲ့သို့ပင် မော့ရစ်ကန်းသည် သူ့လက်ကိုဆန့်လျကိ အနည်းငယ် စိတ်တည်ငြိမ်စေရန် ချင်ဝူ၏ နဖူးပေါ် တင်ထားလိုက်သည်။
"ငါ...သူတို့ကို သတ်လိုက်ပြီ"
ချင်ဝူ တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.