Chapter (6)
တခြားသူ၏ အမိုးအောက်တွင် နေထိုင်ခြင်းမိုးရွာပြီးနောက် ကောင်းကင်ကြီးက ကြည်လင်လာခဲ့သည်။ ချန်အန်း၏ ဆောင်းဦးရာသီတွင် ကြည်လင် ပြာလဲ့နေကာ ပန်းပေါင်းစုံ၏ မွှေးရနံ့များက လမ်းမများပေါ်တွင် သင်းပျံ့နေသည်။ ဟုန်ကျွင့်သည် သမန်းပင်အောက်တွင် ရပ်လျက် သစ်ပင်ပင်စည်အား တစ်ချက် ပိတ်ကန်လိုက်သည်။ သစ်ရွက်များပေါ်က မိုးရေစက်လေးများ ပက်ဖျန်းလာကာ သူ့မျက်နှာကို ရေနဲ့ဆေးကြောပြီးသား ဖြစ်သွားသည်။ ရေလည်း နည်းနည်းသောက်ပြီး သဖန်းရွက်နှစ်ရွက်ကို ခူး၍ နှုတ်ခမ်းပေါ်တင်ကာ မှုတ်လိုက်လေသည်။
"ဘယ်လိုလုပ်ကြမလဲ..."
ငါးကြင်းနတ်ဆိုးက ကောင်းကင်ကြီး ပြိုကျနေသလို မျက်နှာထားနဲ့ ဆိုလေသည်။
"ဒီနေရာက အကြီးကြီးပဲ... ငါတို့ တစ်ခုခုစားပြီးမှ ဆက်ပြောကြရအောင်
“ငါ သန်ကောင်တွေကို မစားဘူးနော်” ငါးကြင်းနတ်ဆိုးက ထပ်ပြောသည်။
"မင်းစားဖို့ အသားရှာပေးမှာပါ" ဟုန်ကျွင့်က ပြောလေသည်။
"ဖြေးဖြေးချင်း စဉ်းစားကြည့်ရအောင်...ဟူး... လမ်းတစ်လျှောက်မှာ ဘာလို့ ဒီလောက်တောင် ကံဆိုးနေတာလဲ မသိဘူး... အိုး ဒါကဘာလဲ?"
ဟုန်ကျွင့်က တောင်ပေါ်မှ ဆင်းလာပြီး ရောင်စုံကမ္ဘာကို မြင်သောအခါ စိတ်ထဲတွင် ရှိသမျှ ဒုက္ခအားလုံးကို ချက်ချင်းဖယ်ကာ ကြေးဒင်္ဂါးအနည်းငယ်ကို ထုတ်၍ အစားအသောက်ဝယ်ရန် ဈေးထဲ ဝင်သွားခဲ့သည်။ ငါးကြင်းနတ်ဆိုးက ထပ်ပြီး သတိပေးလေသည်။
“တောင်ပေါ်ကနေ ဆင်းပြီးတာနဲ့ တွေ့သမျှကို ကောက်စားနေတာ မင်း ဗိုက်ပျက်မှာကို မကြောက်ဘူးလား”
ဟုန်ကျွင့်ကတော့ စားသောက်ဆိုင်ခုံပေါ် တက်ထိုင်ကာ ခေါက်ဆွဲတစ်ပန်းကန်ကို ပွေ့ဖက်ပြီး အားလုံးကို စားပစ်လိုက်သည်။ ယောင်ကျင်းနန်းတော်တွင် အကြော်၊ အကင်၊ သိုးသားပြုတ်၊ ပန်းပွင့်ငါးရောင်ကိတ်၊ ကောက်ညှင်းပေါင်းကိတ် အမျိုးမျိုး ရှိသည်။ နန်းတော်ရဲ့ တောင်ပေါ်ကို ဆင်းသွားတော့ လမ်းတလျှောက်လုံး ခရီးသွားရင်း အစာခြောက်ပဲ စားခဲ့ရသည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficción históricajust fan translate. This is not my own story.