Chapter (39)
အာကာသနိယာမစွမ်းအင်"ခဏနေပါဦး"
ဟုန်ကျွင့်က ယန်ယွိဟွမ်ကို စကားရပ်ခိုင်းဖို့ အလျင်စလို ဖြတ်ပြောလိုက်သည်။
"ကျွန်တော် စဉ်းစားကြည့်ဦးမယ်"
သူ လူတို့၏ နှလုံးသားကို နားမလည်သော်လည်း အကြောင်းတရားနှင့် အကျိုးတရားကို တွေးတော ဆင်ခြင်မိသောအခါတွင်မူ သူ့ခေါင်းထဲက အတွေးတွေ ဖြည်းညှင်းစွာ ရှင်းသွား၏။ ယွိကျောက်ယွင် ဆိုတာ သခင်မကော် ပြောနေတဲ့ ၎င်း၏ညီမလေးပင်။ ယန်ယွိဟွမ်က မြေခွေးဖြူ နောက်တစ်ကောင်ကို မြင်ခဲ့တာ ဖြစ်နိုင်သည်။
ဝူချီယွီနဲ့ ယွိကျောက်ယွင်တို့ မြေခွေးမိစ္ဆာ နှစ်ကောင်က ညီအစ်မများဖြစ်သည်။ ချက်ချင်းပဲ ဟုန်ကျွင့် ဝူချီယွီရဲ့ သော့ချက်ကို စဥ်းစားမိသွားသည်။ ဝူချီယွီက သခင်မကော်ရဲ့ ခန္ဓာကိုယ်ကို အရင်သိမ်းပိုက်လိုက်လိမ့်မည်။ ယွိကျောက်ယွင်ကလည်း ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး ယန်ယွိဟွမ်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ပေမည်။
မြေခွေးမိစ္ဆာတွေက ဝိညာဉ်စုပ်ယူတဲ့ ကျင့်စဥ်ကို အသုံးပြုခဲ့ကြသည်။ စာသင်သားတွေရဲ့ ဝိညာဉ်တွေကို သူ့ကိုယ်ထဲမှာပဲ အကျဥ်းချပြီး သူ့ကိုယ်သူ တော်ဝင် စာမေးပွဲအတွက် အစားထိုးအဖြစ် အသွင်ပြောင်းခဲ့၏။
သို့သော် သူ့အဖေ ခုန်ရွှမ်းသည် ယွိကျောက်ယွင်၏ ပစ်မှတ်မှာ ယန်ယွိဟွမ်ဖြစ်သည်ကို သိထားပုံရသောကြောင့် သူမကို ကူညီပြီး ဘေးဆိုးမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုနဲ့ ကယ်ခဲ့နိုင်သည်။ ယွိကျောက်ယွင်က ညဘက်တွင် ယန်ယွိဟွမ်၏ အနှစ်သာရကို စုပ်ယူရန်လာသော် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ခြယ်မှုန်းထားသည့် မန္တာန်နဲ့ ထိမိလိမ့်မည်။ သူ့အဖေက တန်ပြန်တိုက်ခိုက်ပြီး မိစ္ဆာ အစွမ်းက လုံးဝ ပျက်စီးသွားခဲ့နိုင်သည်။
ဟုန်ကျွင့်: "မန္တာန်က ဘယ်လိုပုံစံလဲ မှတ်မိသေးလား"
ယန်ယွိဟွမ်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ဟုန်ကျွင့်ကို ကြည့်ကာ ခေါင်းခါပြလေသည်။ မန္တာန်စာလုံးက သူ့နောက်ကျောပေါ်တွင်က ရှိနေလို့ မမြင်ရပေ။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Ficção Históricajust fan translate. This is not my own story.