Chapter (19)
ဖေးအောင်ရဲ့ တိုက်ခိုက်မှုဖေးအောင်သည် လူသားအဖြစ်သို့ တစ်ဖန်ပြန်လည် ပြောင်းလဲလိုက်သည်။ ပြင်းပြင်းထန်ထန် ထိခိုက်ထားတာကြောင့် ထရန် ရုန်းကန်ရင်း ၎င်း၏လက်ထဲတွင်တော့ မြေခွေးလေးကို ကိုင်ထားဆဲ ဖြစ်သည်။ ဖေးအောင်သည် ဝမ်းဗိုက်ကို ဓားပျံဖြင့် အပစ်ခံထားရပြီး ကြီးမားသော သွေးထွက်သံယို အပေါက်ကြီးတစ်ခု ထွက်လာသော်လည်း သူ၏ ပါးစပ်ထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဖေးအောင်: “မေ့လိုက်ပါတော့... ဒီနေ့တော့…မဖြစ်နိုင်…မဖြစ်နိုင်တော့ဘူး…”
ခန်းမ အနောက်ဘက် ရင်ပြင်တွင် တမင်နန်းတော်ရှိ လူများအားလုံး နိုးလာပြီး စောင့်ကြည့်ရန် အမြန်ထွက်လာကြသည်။ သို့သော်လည်း အနက်ရောင် မြူမှုန်များသည် အရပ်ရပ်မှ ရွေ့လျားလာကာ မြေပြင် တစ်ခွင်လုံးကိုလည်း ဖုံးလွှမ်းထားရာ ၎င်းမြူမှုန်များက အသက်ရှင်နေသကဲ့သို့ပင်။
လီကျင်လုံ: "လူတိုင်း ပုန်းနေကြ အဲဒါ မိစ္ဆာ!"
ရဲရင့်သော မိန်းမစိုးနှင့် ကိုယ်ရံတော်တို့သည် အဝေးအထိ ထွက်ခွာသွားရန် မလိုလားသေးဘဲ နံရံထောင့်ဆီသို့ ဆုတ်ခွာသွားကြသည်။ အနက်ရောင် မြူခိုးများက ဖေးအောင်ဆီသို့ ဆက်လက် ပျံ့နှံ့သွားရာ လီကျင်လုံ လှည့်အော်လိုက်သည်။
"သူ့ကို တံဆိပ်ခတ်နိုင်တဲ့ မှော်အစီအရင် ရှိလား"
ဟုန်ကျွင့်: "မရှိဘူး....ငါ သူ့ကို ရိုက်လိုက်တယ်... သူက နဂိုပုံစံ မပြသေးဘူး...မင်းရဲ့ဓားနဲ့ စမ်းကြည့်ရင်ရော?"
ကံကောင်းထောက်မစွာ အဲဒီနေ့က ဟုန်ကျွင့် ဖေးအောင်နောက်ကို ဆက်မလိုက်ခဲ့ပေ။ မဟုတ်ရင်တော့ သူတို့အတွက် ပွဲကြီးပွဲကောင်း ဖြစ်သွားလိမ့်မည်။ လီကျင်လုံလည်း သူ့ဓားကို ခါယမ်းပြီး ပြောလိုက်သည်။
"မင်းတို့ ငါ့ကို ဖုံးထား!"
တိတ်ဆိတ်နေသော ရင်ပြင်သည် အလွန်ထူးဆန်းစွာ ပျံ့လွင့်နေသော အနက်ရောင် မြူခိုးများထဲတွင် ဖေးအောင်၏ ဂါထာများ ရွတ်ဆိုသံကို ကြားနေရပြီး နောက်အခိုက်အတန့်တွင် သူက ခေါင်းကို မော့ကာ လူအုပ်ကို ကြည့်၍ တိုးတိုးလေး ပြောလိုက်သည်။
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.