Chapter (58)
နှင်းနတ်ဘုရားမ ရွှမ်နွီ"နည်းနည်းလေး..." ဟုန်ကျွင့်လည်း ကောင်းကင်မှာ လွင့်နေတဲ့ တိမ်ဖြူဖြူကြီးကို ကြည့်ပြီး ပြန်ဖြေလိုက်၏။
"စိတ်ရှုပ်နေလို့ ဆိုပါတော့..."
"ငါ..." မော့ရစ်ကန်းက ခဏစဉ်းစားပြီး "သမင်ဖြူကို ရှာရမှာပေါ့"
"မင်းတို့ တွေ့ပြီးရင် ဘာဖြစ်သွားမှာလဲ"
"အနာဂတ်မှာလား?" မော့ရစ်ကန်းက သူ့လက်မောင်းကို ခေါင်းအုံးရင်း မျက်လုံးတွေကို မှိတ်လိုက်ကာ နွေးထွေးတဲ့ ဆောင်းရာသီရဲ့ နေရောင်ခြည်ကို ခံစားလိုက်လေသည်။
"သူမကို ဇနီးအဖြစ်နဲ့ လက်ထပ်ပြီး ရှစ်ဝေဆီကို နတ်ဆိုးတွေ ထပ်မလာမချင်း စောင့်ကြပ်ရမယ်...."
"မျိုးနွယ်စု ခေါင်းဆောင်ဖြစ်လား" ဟုန်ကျွင့် မေးလိုက်သည်။
"မဟုတ်ဘူး" မော့ရစ်ကန်းက ပြုံးပြီး။
"မျိုးနွယ်စု ခေါင်းဆောင်ကတော့ ငါ့ရဲ့ ဒုတိယညီ ဖြစ်လိမ့်မယ်...ဝံပုလွေက မျိုးနွယ်စုခေါင်းဆောင် မဖြစ်ရဘူး မြက်ခင်းပြင်မှာ နေထိုင်မယ်၊ အမဲလိုက်ရမယ်၊ နွား၊ သိုးတွေ၊ ကလေးတွေ အများကြီးမွေးမယ်... နွေဦးပေါက်ရင် သူတို့ကို ခေါ်သွားမယ် ငါတို့နဲ့အတူ မြင်းတွေနဲ့ မြက်ခင်းပြင်မှာ ပတ်ပြေးခိုင်းမယ်...."
"သူတို့ကို ဆောင်းဦးပေါက်မှာ အမဲလိုက်ခေါ်သွားပြီး သူတို့ရဲ့ ချစ်သူတွေဆီ အကောင်းဆုံး သားကောင်တွေ ယူလာပေးခိုင်းမယ်... ဆောင်းရာသီ ပထမဆုံး နှင်းကျတဲ့နှင်း၊ ရှစ်ဝေရဲ့အိပ်မက်တွေ၊ ဟန်လူမျိုးတွေရဲ့ အိပ်မက်တွေ၊ ဆဲ့မုလူမျိုးတွေရဲ့ အိပ်မက်တွေ၊ တစ်ကမ္ဘာလုံးရဲ့ အိပ်မက်တွေကို စောင့်ရှောက်ကြမယ်..."
ဟုန်ကျွင့်: "ဒါပေမဲ့ သခင်ဖြူရဲ့ မျက်နှာကို မင်းမမြင်ဖူးသေးဘူးလေ"
"သူမက အရမ်းလှတဲ့ မိန်းကလေးပဲ ဖြစ်လိမ့်မယ်"
"စစ်သူကြီးနဲ့ သူ့မိန်းမလိုပါပဲလား"
"ဟုတ်တယ်" မော့ရစ်ကန်းက ရယ်လျက်။
ဟုန်ကျွင့် : "ဒါပေမဲ့ မင်းတို့ တစ်ခါမှ မဆုံဖူးဘူး။ မင်းထင်တာနဲ့ မတူရင် ဘယ်လိုလုပ်မလဲ... မင်းသူမကို မချစ်ရင် ဘယ်လိုလုပ်မလဲ သူမရော မင်းကို မချစ်ရင် ဘယ်လိုလုပ်မလဲ"
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Historical Fictionjust fan translate. This is not my own story.