Chapter (56)
ဖုတ်ကောင်ဘုရင် ဒုက္ခမှလွတ်မြောက်လာကျောင်းဝင်းထဲမှာတော့ နေရောင်က တလက်လက် တောက်ပနေသည်။
အလောင်းတစ္ဆေ ဘုရင်က သူ့ခေါင်းကို နာကျင်စွာ ခါယမ်းလိုက်ရင်း ပထမဆုံး စကားသံထွက်လာသည်။
“ငါ့ကို လွှတ်ပေး”
ဟုန်ကျွင့် :"!!!"
လီကျင်လုံ : "..."
"ဝိုး..." ငါးကြင်းနတ်ဆိုးက "မင်းနောက်ဆုံးတော့ စကား ပြောနိုင်ပြီလား"
"ဒါ...ဒီနေရာက ဘယ်မှာလဲ?"
အလောင်းတစ္ဆေ ဘုရင်က ဆက်လက် ရုန်းကန်နေသည်။ လုရွှီက သတိလစ်နေသော မော့ရစ်ကန်းကို ပြန်ပို့ပေးနေကာ လီကျင်လုံက ဓားကိုကိုင်လျက် အလောင်းတစ္ဆေ ဘုရင်ထံကို ညွှန်ပြထားလေသည်။
"မင်းဘယ်သူလဲ" လီကျင်လုံက အသံနက်ကြီးနဲ့။
"မင်းကို ဘယ်သူက အမိန့်ပေးတာလဲ... မင်းရဲ့လက်အောက် ငယ်သားတွေကြောင့် ပျံ့နှံ့နေတဲ့ အလောင်းကောင်အဆိပ်ကို ဘယ်လိုရှင်းရမလဲ ပြောစမ်း!"
လီကျင်လုံက ပညာရှိဓားကို ကိုင်ထားပြီး အလောင်းတစ္ဆေ ဘုရင်ကို ညွှန်ပြထားရင်း ဓားကိုယ်ထည်က တောက်ပလာသည်။
“ငါ့ကို သံကြိုးတွေ အရင် ဖြည်ပေးလိုက်...မင်းမှာ ငါနဲ့စကားပြောဖို့ အရည်အချင်း မရှိသေးဘူး"
၎င်းအသံက နိမ့်ပြီး ပွက်ပွက်ဆူနေတဲ့ ရေတွေလိုပင်။ စကားပြောတဲ့အခါ သူ့ရင်ဘတ်က အလင်းကလည်း ထကြွလာသည်။
"သူ့ကို လွှတ်လိုက်ပါလား..."
ဟုန်ကျွင့် ဆိုသော်လည်း လီကျင်လုံ အကြာကြီး တုံ့ဆိုင်းသွားသည်။ ထိုစဥ် အလောင်းတစ္ဆေ ဘုရင်က ဆက်ပြောလေ၏။
"မဟုတ်ရင် မင်းရဲ့ တိုင်နဲ့ သံကြိုးက ငါ့ကို ချည်နှောင်ထားနိုင်မှာ မဟုတ်ဘူး... ဒီည နောက်ဆုံးမှာ ငါ ဒုက္ခက လွတ်လိမ့်မယ်... အဲ့ကျမှ ငါ့လူတွေကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"
လီကျင်လုံ: "ဟုန်ကျွင့်သာ မပြောရင် ငါကလည်း မင်းကို နှိမ့်ချပြီး ဆက်ဆံနေမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းကို ငါ မကြောက်ဘူးဆိုတာ မင်းသိထားရမယ်!"
YOU ARE READING
ထျန်းပေါင်ဖူယောင်းလု (mmtrans)
Tarihi Kurgujust fan translate. This is not my own story.