part 1

2K 48 8
                                    

ရှင်တို့တွေ ကြုံဖူးကြလား။ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေက လက်မခံနိုင်တာမျိုးကိုလေ။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုက တခြားသူတွေနဲ့မတူကွဲပြားစွာခွဲထွက်နေခဲ့တာမျိုးလေ။

ဒီလိုအချိန်မှာ တချို့ကကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်ဖို့ ကြိုးစားကြတယ်၊တစ်ချို့က အရှိတိုင်း လက်ခံကြတယ်၊တစ်ချို့ကတော့အရှုံးပေးပြီး လောကကြီးထဲကနေ ထွက်သွားတတ်ကြတယ်။

ကျွန်မကတော့ ဒုတိယမြောက် လူစားမျိုးထဲမှာပါတာပေါ့။အဲ့လို လက်ခံကောင်းလို့လဲ ခုလို အိမ်ပေါ်ကနှင်ချခံခဲ့ရတာလေ။

ခုတော့ ကြာဖူးမောင်ဆိုတဲ့ကျွန်မဟာ ကိုယ့်အထုတ်ကိုယ်ပိုက်ကာ ငယ်သူငယ်ချင်းဖြစ်သူ ကျော့ကေသီဆီကို ခေါင်းလေးငုံ့ကာ မျက်နှာငယ်နဲ့ရောက်လာခဲ့ရပြီ။

"ကဲ မကြာဖူးမောင် ဒါဆိုရှင်က အိမ်ပေါ်က ဆင်းလာခဲ့ပြီပေါ့..."

ခုံပေါ်ကို ခြေထောက်တင်ကာ ဒူးနှစ်ချောင်းကို လက်နဲ့ပိုက်ပြီး ထိုင်နေသောကျွန်မကို ကျော့ကမေးလေသည်။

"အေးပေါ့ဟာ ငါ့ပြောခဲ့သလိုပဲ ငါ့ဖြစ်တည်မှုကို မေမေတို့မှ လက်မခံနိုင်တာ ဆင်းလာခဲ့ရတာပေါ့..."

"နင်သေချာပြန်စဉ်းစားဦးနော် နင့်မိသားစုကို တကယ်ပဲ စွန့်လွှတ်နိုင်လို့လား။သူတို့ကလဲ ကြားကြားချင်းမို့ မယုံနိုင်ဖြစ်ပြီး ပြောလိုက်မိတာဖြစ်ပါလိမ့်မယ်ဟာ..."

"ငါကမိန်းမတစ်ယောက်ဖြစ်ပြီး မိန်းမတွေကိုကြိုက်တာ သူတို့တွက်ထူးဆန်းနေပေမဲ့ ငါ့အတွက်တော့ဒါဟာ သာမန်ကိစ္စတစ်ရပ်ပဲ။လက်မခံပေးနိုင်ရင်တောင် ငါ့ကိုချိုချိုသာသာပြောရင် ငါဒီလိုလုပ်မိမှာမဟုတ်ဘူး။ခုဟာက မေမေတို့အားလုံးက ဒီကိစ္စကို ရွံ့စရာ၊ရှက်စရာ ကိစ္စတစ်ခုလိုမြင်ပြီး ခါးခါးသီးသီးဖြစ်နေတာပဲ ဒါကိုပဲ ငါကလဲ လက်မခံနိုင်တာ"

"အေးဟာ နင့်မိသားစုနဲ့ နင်နဲ့ကြားက ကိစ္စဆိုတော့ ငါလဲ ဝင်ပါလို့ မကောင်းဘူး။နင့်အကြောင်းလဲ ငါသိတယ်။နင်ခုဘာဆက်လုပ်မယ် စိတ်ကူးလဲ.."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now