part 15

620 30 0
                                    

"အာ့ ဒေါ်ဒေါ် ရှင် ဘယ်လိုတွေ လုပ်နေတာလဲ နာတယ်လေ.."

"မနာပါဘူး ကလေးမရယ်။ခဏနေရင် နေလို့ကောင်းသွားမှာ.."

"တော်တော် ရှင်ရပ်လိုက်တော့ လုပ်လည်းမလုပ်တတ်ဘဲနဲ့ ကျွန်မကို တမင်နာအောင်လုပ်နေတယ်..."

"ဟော တို့လုပ်တတ်ပါတယ်။ကလေးမက အဲ့လို လုပ်တာမခံဖူးလို့ တစ်မျိုးဖြစ်နေတာပါ.."

"အာ့ အာ့ ဒေါ်ဒေါ်ရေ နာတယ်လို့။ရှင် ရပ်လိုက်တော့နော်။ကျွန်မ တကယ်နာလာပြီ.."

"ဟောကွယ် သူပဲ ညောင်းတယ်ဆိုလို့ ဇတ်ကြောလည်း ဆွဲပေးရသေးတယ်။လူကို အော်ငေါက်နေလိုက်တာ.."

"ရှင် ကောင်းကောင်းမှ မလုပ်တာ။ရှင့်အားကြီးနဲ့ ဇတ်ကိုညှစ်နေတာ နာတယ်လေ.."

မျက်နှာလေး ရှုံ့မဲ့ကာ ပြောနေတဲ့ ကလေးမကိုကြည့်ရင်း မြတ် ရင်ထဲမှာ ကျလိကျလိ ဖြစ်လာရသည်။ဘေးတစောင်း အနေအထားကြောင့် လုံးလုံးလေး ဖြစ်နေတဲ့ နှာသီးဖျားလေးဟာ ကိုက်ဆွဲချင်လာအောင် ဆွဲဆောင်နေလေသည်။

"ကလေးမ.."

"ဘာလဲ.."

"အယ် ကောင်းကောင်းထူးပါလား ကလေးမရယ်.."

"မခေါ်နိုင်ပါဘူး။ရှင်လုပ်တာ ကျွန်မ နာသွားတယ်လေ.."

"တို့က စေတနာနဲ့ပါ.."

"တော်တော် ရှင့်စေတနာကြီးကို ကြောက်လို့။ဒါနဲ့ နေစမ်းပါဦး။ရှင်က ကျွန်မဆီ ဘာလာလုပ်တာလဲ။အလုပ်မလုပ်ဘူးလား..."

"တို့မှာ လုပ်စရာဆိုလို့ ကလေးမမျက်နှာလေး တစ်စိမ့်စိမ့် ထိုင်ကြည့်ဖို့ပဲ ရှိတာ.."

"ရှင် စကားပြောရင်လေ ဘောင်ဝင်အောင်ပြောပါလား.."

"ဟော တို့ပြောတဲ့ထဲမှာ ဘောင်မဝင်တာ မပါပါဘူး..တကယ်ပြောတာ တို့ရဲ့ တစ်နေ့တာ အလုပ်က ဟောဒီ့က ကလေးမရဲ့ မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေဖို့ပဲ.."

"ရှင့်ကိုတော့ ကျွန်မ တကယ်မနိုင်ဘူး ဒေါ်မြတ်သိင်္ဂီနွယ်။ဒီမှာ ရှင် ဆရာပီမိုးနင်းရဲ့ ‌ဆောင်းပါးတွေ ဝတ္ထုတိုတွေ မဖတ်ဖူးဘူးလား..."

"ဟင့်အင်း တို့က စာဆို လမ်းဘေးမှာရေးထားတဲ့ သတိပေးစာတောင် ဖတ်တာ မဟုတ်ဘူး..."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now