part 14

601 32 0
                                    

ဒီနေ့နဲ့ဆို မောင့်အဖေဆုံးတာ တစ်လပြည့်ခဲ့ပြီ။မောင်နဲ့ ကျွန်မလက်ထပ်တာလည်း တစ်လပြည့်ခဲ့လေပြီ။ဒီရက်တွေ အတွင်းမှာ မောင်ဟာ သူ့ကိုယ်သူထူထူထောင်ထောင်ဖြစ်ဖို့ အတော်လေး ကြိုးစားလိုက်ရသည်။နှစ်ပတ်လောက်ထိ တစ်ငိုငို တစ်ရယ်ရယ်နဲ့မို့ ကျွန်မကိုယ်တိုင်လည်း စိတ်နချမ်းသားရပေ။ခုတော့ မောင့် အခြေနေဟာ တည်ငြိမ်စ ပြုလာလေပြီ။

"အန်တီနန်း မောင် ဒီနေ့ အလုပ်လိုက်ခဲ့မယ်.."

မနက်စာစားနေရင်း မောင်က ပြောလာ‌တာမို့ မောင့်မျက်နှာကို မော့ကြည့်လိုက်သည်။

"အိမ်မှာပဲ နားနားနေနေ နေပါလား‌ မောင်ရယ်။ရှေ့ရက်တွေကလည်း မောင် ပင်ပန်းထားတယ်မလား.."

"ဟုတ်သားပဲ ဖူးလေးရယ်။ရုံးတော့ မတက်ပါနဲ့ဦး။အားပြည့်အောင် နားပါဦး.."

တော်ဝင်ကလည်း မောင့်ကို ဝင်ပြောလေသည်။

"ဖူး အဆင်ပြေနေပါပြီ ဦး။ပြီးတော့ ဖူး အိမ်မှာပဲ နေနေရတာ ကြာလှပြီ။ဖူး ပျင်းလာပြီ။ပြီးတော့ အိမ်မှာ ဘယ်သူကမှ ဖူးကို ဘာမှ မခိုင်းကြဘူး။ဖူးက ဝိုင်းကူပေးမယ်ဆိုတော့လည်း အကြောက်အကန် ငြင်းနေကြတယ်။ဘာဖြစ်နေကြမှန်းကို မသိဘူး.."

ဖူးရဲ့ စကားကြောင့် တော်ဝင် မမကို လှမ်းကြည့်လိုက်တော့ ဘာမှ မသိသည့်အလား နန်းကြီးသုတ်ကို စားနေလေသည်။အိမ်အကူတွေ ဖူးကို ဘာမှ မခိုင်းရဲတာ မမကြောင့်မလား။ဖူး ခန္ဓာကိုယ်မှာ ခြစ်ရာတစ်ချက်တွေ့ရင်တောင် အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ ဘယ်သူကမှ မခိုင်းရဲကြပေ။

"အဲ့တာ မောင့်ကို အလုပ်ကို ခေါ်သွားပါနော် အန်တီနန်း နော်...."

မမရဲ့လက်မောင်းကို လှုပ်ကိုင်ပြီးပြောနေတဲ့ ဖူးကို မမက ပြုံးပြုံးကြီးကြည့်နေတာကြောင့် တော်ဝင် အံ့ဩရပြန်ပါသည်။ငယ်ငယ်ကတည်းက မမက သူ့အသားကို တခြားသူထိကိုင်တာကို မကြိုက်ပေ။ဖေဖေတို့ ဘိုးဘိုးတို့အနားကိုတောင် သိပ်မကပ်..ခုတော့ ဖူး လုပ်သမျှကို ပြုံးပြုံးကြီး ခံနေလေရဲ့။

"မောင် လိုက်ချင်လိုက်ခဲ့ပါ။တို့ မတားလိုပါဘူး။ဒါပေမယ့် အလုပ်တော့ မလုပ်ပါနဲ့ဦး မောင်ရယ်။မောင် ပင်ပန်းနေမှာပေါ့။တို့ အနားမှာပဲ နေလေနော်.."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now