"ဘာ!!"
"ဖူး!! အဟွတ် အဟွတ်!!.."
ကျော့တို့သူငယ်ချင်းနှစ်ယောက် အလုပ်အားရက် ကော်ဖီဆိုင်ထိုင်ရင်း ကျော့မှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း ပြောပြလိုက်တာကို ဖူးက အသံပြဲကြီးနဲ့ ထအော်တာမို့ ကျော့မှာ သောက်နေတဲ့ အအေးပင် သီးသွားရသည်။
"ကျော့ နင့်မှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား!!"
"ဟဲ့ ဟဲ့ တိုးတိုးပြောပါဟယ်။သူများတွေကြားသွားရင် ရှက်စရာကြီး.."
ကိုယ်ဝန်ရှိသွားတဲ့ကိစ္စကို အော်ကြီးဟစ်ကိယ်လုပ်နေတဲ့ ဖူးကြောင့် ဆိုင်ထဲက တစ်ချို့သူတွေက လှည့်ကြည့်လာတာမို့လို့ ကျော့ ဖူးကို လှမ်းတားလိုက်သည်။
"အောင်မလေး ကျော့ကေသီ နင်ပြောတော့ မကြိုက်ပါဘူး မချစ်ပါဘူးဆို။ခုကျတော့နင်က ဗိုက်တစ်လုံးတောင် ထွက်နေပါ့လား။ဘယ်လိုဖြစ်ရတာလဲ.."
"ဟဲ့ ငါ့မယားနဲ့ငါ ဗိုက်ကြီးတာလေ။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။လူရှည်သလောက် လျှာကိုရှည်တယ်..."
ကျော့ ပြန်အော်လိုက်တော့ ဖူးက ကျော့လက်မောင်းကို ဖက်ကနဲ ရိုက်လိုက်လေသည်။
"အာ့ နာတယ် သစ်ကုလားအုတ်မရဲ့။သူ့အသားမဟုတ်တိုင်း လိုက်ရိုက်နေတယ်.."
"ရိုက်မှာပဲ ရိုက်မှာပဲ။ငါ့နောက်မှ အိမ်ထောင်ပြုပြီး ငါ့ထက်အရင် ကလေးရသွားတာ ဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ဘူး.."
"အော် နင်က အဲ့တာကို တင်းနေတာလား ဟား ဟား.."
ဖူးရဲ့ စကားကြောင့် ကျော့ အားပါးတရ ရယ်လိုက်မိသည်။ဖူးကတော့ သူ့အရပ်ကြီးကိုမှ အားမနာ နှုတ်ခမ်းဆူပြီး ကျော့ကို မျက်စောင်းတွေ ပစ်ကျွေးနေလေပြီ။
"ငါပြောတဲ့ထဲမှာ ရယ်စရာပါလို့လား.."
ဆူအောင့်အောင့်ဖြင့် မေးလာတဲ့ ဖူးက တကယ့်ကို ကလေးပေါက်စလေးနှင့်တူသည်။CEO ဖူးကို သဲသဲလှုပ်နေတာလဲ မပြောနဲ့။ဖူးက သူ့အရပ်ကြီးနဲ့မလိုက်အောင် ကလေးဆန်ပြီး ချွဲတတ်လွန်းသည်မဟုတ်လား။
"ဖူးရယ် နင့်စကားကိုလည်း နင်ပြန်ပြီး စဉ်းစားကြည့်ဦးလေ။နင်က ကလေးသာလိုချင်တာ နင်ကိုယ်တိုင်ကျတော့ ဘာမှအဖြစ်ရှိအောင် မစွမ်းတောင်နိုင်ဘဲနဲ့များ.."
YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...