part 16

603 38 2
                                    

တိတ်ဆိတ်မှောင်မိုက်တဲ့ ချောင်ကျကျ လမ်းတစ်နေရာတွင် အနက်ရောင်ကားတစ်စီးဟာ ရပ်တန့်၍နေလေသည်။သိပ်မကြာခင် ထိုကားဘေးနားသို့ ဆိုင်ကယ်တစ်စီးရောက်လာပြီး ဆိုင်ကယ်မောင်းလာသူဟာ ကားထဲသို့ ဝင်သွားလေသည်။

"ကျွန်တော် မနည်းထွက်ပြေးလာခဲ့ရတယ် ဆရာ။ကံကောင်းလို့သာ လွတ်လာတာ..."

"အင်း အဲ့ဒီ့အတွက် မင်းကိုပိုပြီး ဆုချရမှာပေါ့။မင်းတော်တယ်။ငါခိုင်းတဲ့အတိုင်း တစ်သွေမတိမ်းလိုက်လုပ်နိုင်တယ် ရော့.."

သောင်းတန်အုပ်လိုက်ကြီးကို ထိုသူဆီ ကမ်းပေးလိုက်တော့ မျက်လုံးများက အရောင်လက်သွားလေသည်။

"ဒီကနေ ဝေးဝေးထွက်သွား ပြန်ပေါ်မလာနဲ့။တစ်နေရာမှာ ဇာတ်မြှုပ်ပြီး ဘဝကို အစကနေပြန်စ.."

"ဟုတ်ကဲ့ပါ ဆရာ။ကျွန်တော် ဆရာပြောတဲ့ အတိုင်းပဲ နေမှာပါ။ကျေးဇူးပါ ဆရာရယ်။တကယ် ကျေးဇူးတင်ပါတယ်..."

ထိုလူဟာ ကျေးဇူးတင်စကားကို အထပ်ထပ်ဆိုရင်း ကားထဲမှ ထွက်သွားလေသည်။ထိုလူထွက်သွားသည်နှင့် ကားဟာလည်း ထိုနေရာကနေ အဝေးဆုံးတစ်နေရာဆီသို့ တစ်ရိပ်ရိပ်မောင်းနှင်သွားလေသည်။

နောက်ဆုံး ထိုကားရဲ့ ဦးတည်ရာကတော့ တခြားမဟုတ်ဘဲ သခင်စံအိမ်တော်ဆီသို့သာ။ကားရပ်ပြီး အတော်ကြာတဲ့ထိ ကားပေါ်က မဆင်းသေးဘဲ ကားboxထဲက ဓာတ်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်သည်။

"ဖေဖေ သားလုပ်တာ မှန်တယ် မလားဟင်..."

မျက်ရည်များစီးကျရင်း ‌အဖေဖြစ်သူနှင့် အတူတွဲရိုက်ထားတဲ့ပုံကို စိုက်ကြည့်နေသူကတော့ တစ်ခြားသူမဟုတ် ဒီစံအိမ်ရဲ့ ဒုတိယ အရှင်သခင်ဖြစ်တဲ့ ဦးတော်ဝင်သခင်ပင်။တစ်ပုံတည်းသာရှိတဲ့ ဓာတ်ပုံလေးကို တစ်ယုတယ ပွတ်သပ်ရင်း အတိတ်က အချိန်တွေဆီသို့ ‌အပြေးလေး ပြန်သွားမိသည်။

တော်ဝင်ရဲ့ဘဝက အစမှာတော့ အမေတစ်ခုသားတစ်ခု ဘဝပါဘဲ။ဖေဖေက ဘယ်သူလည်းဆိုတာကို ‌သိသည့်တိုင် ဖေဖေဆိုတဲ့ သူရဲ့မျက်နှာကို သူ့အသက်သုံးနှစ်အရွယ်ရောက်တဲ့ထိ တစ်ခါလောက်သာတွေ့ခဲ့ဖူးသည်။ထိုအချိန်တုန်း ကလေးအရွယ်မို့ တော်ဝင်သိတာ သူ့မှာအမေသာ ရှိသည်ဆိုတဲ့ အသိပင်။

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now