part 3

605 32 7
                                    

"ပစ္စည်းတွေအားလုံး စုံပြီလား ဖူး။သေချာစစ်ဦးနော်။ကျန်ခဲ့ရင် ပြန်လာယူလို့မရဘူး."

ခရီးထွက်ရမှာက ကိုယ်။တကယ်တမ်း စိတ်လှုပ်ရှားပြီး ရှုပ်ယှက်ခတ်နေတာက ကျော့ရယ်ပါလေ။CEO နဲ့ သွားရမည်ဆိုကတည်း စိတ်ပူပြီး မှာတမ်းခြွေတာလဲ အထပ်ထပ်အခါခါ။

အပြစ်လို့လဲ မမြင်ရက်ပါ။ကျော့က ကျွန်မကို သူ့ညီမလေး တစ်ယောက်လို ချစ်သည်မဟုတ်လား။ခုလဲ သွားခါနီး ပစ္စည်းတွေကို ထပ်ခါအထပ်ခါ ပြန်စစ်ရင်း တစ်ယောက်ထဲ အလုပ်ရှုပ်နေပြန်သည်။

"ဟဲ့ ငါပြောနေတာကြားလား။ပစ္စည်း‌တွေသေချာပြန်စစ်ဦး၊ပြီးတော့ လိုတာတွေ တစ်ခါထဲ ပြန်စဉ်းစားလို့.."

"ငါ အကုန်ထည့်ပြီးပါပြီ ကျော့ရယ်။အကုန်စုံတယ်။ဘာတစ်ခုမှ မကျန်ခဲ့ဘူး။ဟုတ်ပြီလား"

"နင် ဟိုမှာ လူတိုင်းနဲ့ အဆင်ပြေအောင်နေနော်။မှာသာမှာနေရတာ နင့်အကျင့်ကို သိနေတော့ စိတ်ကမချချင်ဘူး.."

"အယ် မသိရင် ငါကပဲ ဆက်ဆက်ကြဲ အထိမခံကြီးဖြစ်နေသလိုနဲ့.."

"ဟဲ့ နင်ကအဲ့လိုမဟုတ်ပေမဲ့ မဟုတ်မခံ ပြန်ခံပြောတတ်တဲ့ အကျင့်ရှိတယ်လေ။ဟိုမှာ တစ်ခုခုလွဲချော်သွားရင် မကောင်းဘူးနော်။သွားရမှာ ကုမ္ပဏီပိုင်ရှင်နဲ့ဆိုတာ သတိရအုံး။COO ကလဲ ဘာလို့ နင့်ကိုမှ ရွေးသလဲ မသိဘူး။ငါကနေရင်းထိုင်ရင်း စိတ်မချဖြစ်နေရဦးမယ်.."

နှုတ်ခမ်းဆူကာ ပြောနေသည့် ကျော့ကိုကြည့်ကာ ကျွန်မရယ်မိသည်။ကျော့ဟာလေ သူနဲ့ လပိုင်းလောက်ပဲ အသက်ကွာတဲ့ ကျွန်မကို တကယ့်ကလေးလေးလို ထင်နေတာ။ခုလဲကြည့် လွှတ်တဲ့သူကို အပြစ်တင်ပြီး ပွစိပွစိပြောနေပြန်ပြီ။

"ဟဲ့ ရယ်မနေနဲ့။ငါပြောတာတွေ သေချာမှတ်ထားကြားလား။တစ်ခုခုဆို ငါ့ကိုဖုန်းဆက်။အဆင်မပြေရင်လဲ လှမ်းပြော.."

"အေးပါဟယ်။နင်ငါ့ကို မနေ့ညကတည်းက မှာနေတာ အက်ကြောင်းတွေလဲ ထပ်နေပြီ။ငါလဲ အလွတ်ရနေပါပြီ။စိတ်ချ အဆင်မပြေရင် အကြောင်းထူးရင် ဖုန်းဆက်မယ် ဟုတ်ပြီလား.."

"မှာရတယ်ဟေ့ မှာရတယ်။ငါ့မှာ မိသားစုလဲရှိတာမဟုတ်ဘူး။သူငယ်ချင်းဆိုလို့လဲ ရှားရှားပါးပါး နင်တစ်ယောက်ထဲရှိတာ။တစ်ခုခု လွဲချော်သွားမှာကို စိတ်ပူနေရတယ်ဟေ့.."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now