"ကြာဖူးမောင် နင်ဒီနေ့ကော အိမ်ပြန်လာဖို့ အစီစဉ်ရှိလား..."
ပျိုနဲ့ပြတ်ပြီး တစ်လအတွင်း အိမ်ပြန်တာထက် အန်တီနန်းအိမ်မှာ ညအိပ်တာက ပိုပြီးများနေတာမို့ ကျော့က စိတ်မရှည်စွာအော်လေသည်။ဖုန်းထဲမှာမို့ ခံသာတာ အပြင်မှာသာဆို ဖူးကို အမှုန့်ခြေနေလောက်ပြီ
"ဟဲ့ ငါမေးတာမကြားဖူးလား။အဲ့မှာပဲ တစ်သက်လုံးနေတော့မယ်ဆိုရင်လည်း နင့်အဝတ်တွေလာယူ.."
"ဟဲ ဟဲ ကျော့ကလည်းဟာ စိတ်မဆိုးပါနဲ့။ငါမနက်ဖြန်ကျရင် ပြန်လာခဲ့ပါ့မယ်။ဒီနေ့တော့ မိုးချုပ်နေလို့ ဒီမှာပဲ အိပ်လိုက်တော့မယ်လေ နော် နော်လို့...."
"ဟင်း ကြားဖူးမောင် ကြာဖူးမောင် တော်တော် အလုပ်ပေးတဲ့ ဟာမလေး။ငါကလည်း မနေနိုင်မထိုင်နိုင်နင့်ကို စိတ်ပူနေမိတော့လည်း ခက်သားလား.."
"မခက်ပါဘူးဟယ် မနက်ဖြန်တကယ် ပြန်လာမယ် ဟုတ်ပြီလား။ခုတော့ ဖုန်းချတော့မယ်။ဒါပဲ.."
"ဟဲ့ ဟဲ့ အော် ဒီသေနာမလေးကတော့.."
စကားကိုဆုံးအောင်နားမထောင်ပဲ ဖုန်းချသွားပါသော ချစ်ရသူ သူငယ်ချင်းလေးအား အားပါးတရမေတ္တာပို့မိသည်။
"ဟွန့် နင်မရှိလဲ ဘာဖြစ်လဲ။ငါ့ဟာငါ night out ထွက်မယ်။ကြာဖူးမောင် ကောင်မစုတ်လေး ပြန်လာမှ ငါ့ကိုတောင်မခေါ်ဘူးဆိုလို့ကတော့ နင့်ကိုအမှုန့်ခြေပစ်မယ်..."
မနက်ဖြန်အလုပ်နားရက်မို့ ဒီနေ့ night out ထွက်ကာ သူငယ်ချင်းနှစ်ယောက် အပီကဲမယ့်အစီအစဉ်ကို ပြောခွင့်မပေးဘဲ ဖုန်းချသွားတဲ့ ကောင်မစုတ်လေးအား မကြားမှန်းသိသော်လည်း တရစပ်ပြောနေမိသည်။
night out ထွက်မယ်ဆိုပြီး ရောက်လာတာ ဘားတစ်ခုဆီသို့သာ။မသောက်ဖြစ်တာကြာပြီမို့ ဝိုင်တစ်ခွက်ကိုသာမှာပြီး နည်းနည်းချင်း အရသာခံသောက်နေမိသည်။ဖူးက ကြွက်တွင်း တော်ရုံမမူးပေမဲ့ ကျော့က ဖူးလိုမဟုတ် ဘီယာ သုံးခွက်လောက်ဆို လည်ထွက်ချင်နေပြီ။
"ဟိတ် ညီမလေး တစ်ယောက်တည်းလား.."
ဘေးနားမှာလာထိုင်ကာ မေးလာသည့်သူကို လှည့်ကြည့်လိုက်ပြီး..

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...