part 2

338 19 2
                                    

တိတ်ဆိတ်တဲ့အခန်းငယ်အတွင်း ကျွန်မတစ်ယောက်ထဲ အတွေးနယ်ချဲ့နေမိသည်။တော်ဝင်ပြောသလို မြင်မြင်ချင်းအချစ်နဲ့ ကျွန်မသူ့ကို ချစ်မိသွားသည်။ဒါပေမဲ့ ဒါဟာ ခုချိန်မှဖြစ်ပေါ်လာတာမဟုတ်။လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ဖြစ်တည်လာခဲ့တာလေ။

အရင်တုန်းက ငေးကြည့်ခဲ့ရတဲ့ သူ့ရဲ့မျက်နှာလေးဟာ ပိုပြီးချောလာတာကလွဲရင် အရာအားလုံးအရင်အတိုင်းပါပဲလေ။အမှတ်တမဲ့တွေ့ဆုံခဲ့မိတဲ့ မင်းကိုလေ တို့တစ်ရက်လေးတောင်မမေ့ခဲ့ဘူးဆို မင်းကယုံကြည်ပေးနိုင်ပါ့မလား။

သိရဲ့လားမောင်။တို့ မင်းကိုအမြဲခေါ်ချင်ခဲ့တဲ့ နာမ်စားလေက မောင် ဆိုတာကိုလေ။တစ်ကြိမ်တစ်ခါသာ တွေ့ခဲ့ဖူးတဲ့ မောင့်ကိုလေ ကျွန်မ တစ်ရက်လေးတောင် မေ့မရခဲ့ဘူး။မောင်က အရမ်းဆွဲဆောင်နိုင်လွန်းတယ်ကွယ်။

ပြန်တွေ့လိုက်ရတော့ တို့ရင်ထဲ ဘယ်လောက်ထဲ ပျော်နေသလဲဆိုတာ မောင်ကတော့ ဘယ်သိပါ့မလဲနော်။ အင်းပေါ့လေ တို့ကသာ မောင့်ကို သိနေခဲ့တာ မောင်ကမှ တို့ကို မသိခဲ့ဘဲ။

တို့ အရမ်းခေါ်ချင်ခဲ့တဲ့ နာမ်စားလေးကို မောင်က တခြားတစ်ယောက်ကို ခေါ်ခွင့်ပေးထားတယ်ပေါ့လေ။စိတ်ချပါမောင် ကျွန်မပဲ ခေါ်ခွင့်ရှိရမယ့် နာမ်စားလေးမို့ ကျွန်မပဲ ခေါ်ခွင့်ရအောင် ကျွန်မက မဖြစ်ဖြစ်တဲ့ နည်းနဲ့ရအောင်လုပ်မှာ။

မောင်ကလေ မူးယစ်ဆေးထက်ပိုပြီး ဆိုးတယ် သိသလားမောင်။မူးယစ်ဆေးကသုံးပါများလို့ ဆွဲတာ။မောင်ကတော့ တစ်ကြိမ်တစ်ခါလောက် တွေ့ဖူးရုံနဲ့ကို ဆွဲစေတာ။မောင့်ကို တွေ့ပြီးကတည်းက ဆေးလိပ်တွေ မသောက်ဖြစ်တော့ဘူးမောင်။တစ်ချိန်ကျရင် ဆေးလိပ်အစား မောင့် နှာခမ်းသားလေးတွေကို သောက်သုံးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။

တစ်နေ့ကျရင် ပြောပြမယ်မောင်။တို့ မောင့်ကို ဘယ်လောက်ထိချစ်ကြောင်းကိုလေ။တစ်နေ့လုံး တစ်ညလုံးထိုင်ပြောရင်တောင် ကုန်ဆုံး မသွားမှာကိုတော့ မောင့်အတွက် အားနာမိသား.....

မောင့်ကိုချစ်မိတဲ့ အကြောင်း‌ကို စာမစီနိုင်တော့ဘူးမောင်။ကောင်းကင်က စာရွက် သမုဒ္ဒရာက စုတ်တံဖြစ်နေလင့်ကစား တို့ရင်ထဲက မောင့်အတွက် ဖြစ်တည်လာတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြဖို့ နေရာမဆံ့လောက်ဘူး ထင်ရဲ့မောင်....
........................................................................
"စောင့်နေရတာ ကြာသွားလားမောင်..."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now