part 8

420 20 4
                                    

"လမ်းခွဲကြမယ် မောင်.."

တွေ့ချင်တယ်ဆိုပြီးချိန်းလို့ အလုပ်တောင်မသွားဘဲ ထွက်လာတာ ကြားလိုက်ရတဲ့စကားက လမ်းခွဲမယ်တဲ့လေ။

"ဘာကြောင့်လဲဆိုတာ မောင်သိခွင့်ရှိမလား ပျို..."

"ဟင့်အင်း မရှိဘူး။ဒီတိုင်း ဒီတိုင်းလေး လမ်းခွဲလိုက်ချင်လို့...."

"ဟက် ဒီတိုင်းလေး ဒီတိုင်းလေးတဲ့လားပျို။လူတစ်ယောက်ကို လမ်းခွဲဖို့က တကယ် ဒီတိုင်းလေးဖြစ်သွားနိုင်တယ်ပေါ့...."

ကျွန်မငိုနေတာမဟုတ်သလို နာကြည်းနေတာလဲ မဟုတ်ပါ။ပျို့ဆီက ကျွန်မလိုချင်တဲ့ အဖြေကိုရဖို့ ကြိုးစားနေရုံပါ။

"တောင်းပန်ပါတယ် မောင်..ပျို့ကို လမ်းခွဲပေးပါနော်..."

ပြောရက်တယ် ပျိုရယ်။မင်းမို့ပြောရက်တယ်။မောင့်အတွက် ပျို့ကိုလက်လွှတ်ဖို့က ပျိုပြောသလို ဒီတိုင်းလေးဖြစ်လာနိုင်မှာမဟုတ်ဘူးလေကွယ်။မောင် ပျို့ကို လက်လွှတ်နိုင်မှာမဟုတ်ဘူးပျို။

ရင်ဘတ်ထဲကနေ ဘယ်လောက်ပဲ အော်ပြောနေမိပါစေ နှုတ်ကတကယ်ထွက်လာတဲ့ စကားလုံးတွေဟာတော့ နှလုံးသားရဲ့ စေခိုင်းချက်နဲ့ ခြားနားစွာရယ်ပါ။

"မောင် လမ်းခွဲပေးရင် ပျိုက ပျော်မှာလား။တကယ်လို့ ‌ပျိုသာ ပျော်မယ်ဆို ပျို ပျော်သလို ဆန္ဒရှိသလိုလုပ်ပါ။လမ်းခွဲချင်တယ်မလား။ဟုတ်ပြီလေ မောင်တို့ လမ်းခွဲကြမယ်.."

ပျိုဟာ အံ့ဩတဲ့မျက်ဝန်းတွေနဲ့ ကျွန်မကိုကြည့်လာသည်။ပျော်ရမှာ‌မဟုတ်လားပျို။မောင်ပြောလိုက်တဲ့စကားကြောင့် ပျိုပျော်နေရမှာလေ။မောင်က ပျိုပျော်တာကိုမြင်ချင်တာ...

"ပျို့ကို မဆွဲထားတော့ဘူးလား မောင်.."

"မောင်ဆွဲထားရင်ကော ပျိုကနေမှာတဲ့လား ပျိုရယ်။ထွက်သွားချက်လို့ ခွင့်တောင်းနေတဲ့သူကို မထွက်သွားပါနဲ့လို့ တားနေရင် ပျိုလဲမွန်းကြပ်ရမယ် မောင်လဲနာကျင်ရမယ်။မောင်နာကျင်ရတာ ကိစ္စမရိပါဘူး။အရေးကြီးတာ ပျို စိတ်ပျော်ရွှင်ဖို့ပဲ.."

"မောင်က နားလည်ရခက်လိုက်တာ မောင်ရယ်.."

"မောင်က နားလည်ရခက်တာမဟုတ်ရပါဘူးပျို။ပျိုကသာ မောင့်ကိုနားမလည်နိုင်တာပါ။ချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို အကြောင်းပြပြီး ပျို စိတ်ဆင်းရဲအောင် မောင် မလုပ်ချင်ဘူး။ထွက်သွားချင်တယ်မလား ထွက်သွားပါပျို။တစ်ခုတော့မှတ်ထားပေး။မောင်က ပျို့ရဲ့ အိမ်ကလေးပဲ။အပြင်မှာ မပျော်တော့တဲ့အခါ မလုံခြုံတော့တဲ့အခါ အိမ်ပြန်လာခဲ့ပါပျို။မောင်က တံခါးဖွင့်ထားပေးပါ့မယ်..."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now